လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းဝါရင့်တိုက်စစ်မှူး ဖေမီနိုကို အသင်းမှ ထွက်ခွာခွင့်ပေးဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဖေမီနိုသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်နည်းပြ ကလော့ပ်က ဖေမီနိုအား အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားသော်လည်း လက်ရှိအချိန်ထိ အသင်းဘက်က ကမ်းလှမ်းမှုမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် ဂက်ပိုအား ခေါ်ယူခဲ့ရာ ဖေမီနိုကို ယခုရာသီကုန်တွင် လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။ ဖေမီနိုကို ခေါ်ယူရန် လာလီဂါထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။







