Thursday, January 22, 2026
spot_img
spot_img

မြောက်လန်ဒန် ဒါဘီမှာ ရမ်စ်ဒေးလ် ကို ကန်ခဲ့တဲ့ စပါးပရိသတ် ဘယ်လို အရေးယူ ခံလိုက်ရသလဲ

အသက် ၃၅ နှစ် အရွယ် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ပရိသတ် ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ အာဆင်နယ် အသင်းရဲ့ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ကို ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့မိကြောင်း ဝန်ခံ လိုက်ပြီ ဖြစ်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စ်ဒေးလ် ဟာ စပါးအသင်း ပရိသတ်တွေရဲ့ ရှေ့မှာ အောင်ပွဲ ခံပြီးနောက် သူ့ရဲ့ လက်အိတ်တွေကို ချွတ်နေချိန်မှာ အကန်ခံလိုက်ရတာ ဖြစ်ပါတယ် ။ ပွဲ အပြီးမှာတော့ ရမ်စ်ဒေးလ် ဟာ အဆိုပါ ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားသွားခဲ့ကာ စပါးစ် ပရိသတ် ရဲ့ လုပ်ရပ်ကို ရှုတ်ချ ခဲ့ပါတယ် ။

” စပါး ပရိသတ်တွေက တစ်ပွဲလုံး ကျနော့်ကို အနှောင့်အယှက်​ ပေးနေကြတာပါ ၊ ဒါကြောင့် ပွဲအပြီးမှာ ကျနော် သူတို့ကို ပြန်တုန့်ပြန် ခဲ့တာ ဖြစ်ပါတယ် ။ ကျနော် က အားကစား သမား ပီသစွာနဲ့ သူတို့ကို နှုတ်ဆက်ခဲ့တာပါ ၊ ဒါပေမယ့် ပရိသတ် တစ်ဦးက ကျနော့် နောက်ကျောကို ထိုးကန်ကျောက်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ”

” ဘောလုံး ပွဲတစ်ပွဲမှာ အဲ့ဒီ ပရိသတ် ရဲ့ လုပ်ရပ်မျိုးက ဂုဏ်သိက္ခာ မရှိ အရှက် မရှိတဲ့ လုပ်ရပ်ပါပဲ ၊ နှစ်ဖက် အသင်းစလုံးရဲ့ ကစားသမားတွေက ကျနော့်ကို အဝေးကို ဆွဲထုတ် သွားကြပါတယ် ၊ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ဖြစ်မသွားခဲ့တာပဲ ကျေးဇူး တင်ရမလိုပါပဲ ၊ ကျေနပ်စရာတော့ မဟုတ်ပေမယ့် ဒီနေ့ နိုင်ပွဲကို အဝတ်လဲခန်း အတွင်း အသင်းဖော်တွေနဲ့အတူ ကောင်းကောင်း အရသာခံ ပြောဦးမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

တာဝန်ရှိသူတွေဟာ ရမ်စ်ဒေးလ် ကို ကန်ခဲ့တဲ့ ပရိသတ်ကို CCTV တွေကနေ တဆင့် စုံစမ်း ရှာဖွေ ခဲ့ပြီး ဒဲလ်စတွန်မှာနေတဲ့ ဂျိုးဆပ်ဝက်စ် ဆိုတဲ့ အသက် ၃၅ နှစ် အရွယ် စပါး ပရိသတ် ဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် တာဝန်ရှိသူတွေဟာ ဂျိုးဆပ်ဝက်စ် ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၊ ဘောလုံး ကစားတဲ့ ဧရိယာနားအတွင်း ကျူးကျော် ဝင်ရောက်မှု ၊ ကွင်းအတွင်းသို့ ပစ္စည်း နဲ့ ပစ်ပေါက်မှု ဆိုတဲ့ အမှု ၃ ခုနဲ့ Uxbridge Magistrates’ Court မှာ စွဲချက်တင် ခဲ့ပါတယ် ။

ဂျိုးဆပ်ဝက်စ် ဘက်ကလည်း အပြစ် ရှိကြောင်း ဝန်ခံခဲ့ပြီး နစ်နာကြေး အနေနဲ့ ဂိုးသမား ရမ်စ်ဒေးလ် ကို ပေါင် ၁၀၀ ပေးဖို့ တရားရုံး က ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ဒါ့အပြင် တရားရုံးဟာ ဂျိုးဆပ်ဝက်စ် ကို ဘောလုံး ကွင်းအတွင်း ဝင်ရောက် အားပေး ကြည့်ရှု့ခွင့် လေးနှစ် ပိတ်ပင် လိုက်ပါတယ် ။ ဒါတင်မကသေးပါဘူး ၊ တရားရုံးဟာ ဂျိုးဆပ်ဝက်စ် ကို နာရီ ၁၅၀ အခမဲ့ လုပ်အားပေးဖို့လည်း အပြစ် ပေးခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments