Tuesday, January 13, 2026
spot_img
spot_img

မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ကစားမည်ဟု ရီးယဲလ်တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ် အတည်ပြု

ရီးယဲလ်အသင်း၏ တိုက်စစ်ကစားသမား ဘရာဟင်ဒီယက်ဇ်သည် စပိန်လက်ရွေးစင်အသင်းအတွက် ကစားတော့မည်မဟုတ်ဘဲ မော်ရိုကိုလက်ရွေးစင်အသင်းအတွက်သာ ကစားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။ 

မော်ရိုကိုဖခင်နှင့် စပိန်မိခင်တို့မှ စပိန်နိုင်ငံတွင် မွေးဖွားခဲ့သည့် ဘရာဟင်ဒီယက်ဇ်(၂၄ နှစ်)သည် သက်တမ်းအလိုက် စပိန်အသင်းများတွင် ပါဝင်ကစားခဲ့သလို၊ စပိန်လက်ရွေးစင်အသင်းအတွက်လည်း တစ်ပွဲ ကစားခွင့်ရထားသည်။ 

သို့သော် ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက  မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ကစားရန် စီစဉ်ခဲ့ပြီး ယခုအခါ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments