မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေစျေးကွက်ထဲမှာတော့ ပြိုင်ဖက် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ မေဆွန်မောင့် နဲ့ အင်တာ မီလန် အသင်းမှ ဂိုးသမား ဖြစ်သူ အိုနားနား တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အဆိုပါ ကစားသမား နှစ်ဦးဟာ အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးတွေမှာ ပါဝင်နေကြပါပြီ ။
မေဆွန်မောင့်ဟာ ဆိုရင် မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ရာသီကြို ပွဲစဥ် နှစ်ပွဲလုံးကို ကစားထားခဲ့ပြီး အိုနားနား ကတော့ မနက်ဖြန် နံနက်မှာ ကစားရမယ့် အာဆင်နယ် အသင််းနဲ့ ပွဲစဥ်မှာ ပွဲထွက်လာနိုင်ဖွယ် ရှိနေခဲ့ပါတယ် ။ ဒါ့အပြင်် ယူနိုက်တက်တို့ နောက်ထပ် ရာသီကြိုပွဲစဥ် 6 ပွဲအထိ ကစားရဖို့ ရှိနေပါသေးတယ် ။
အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က နွေမှာ ကစားသမားတွေကို စောစောစီးစီး ခေါ်ယူထားနိုင်တာက အရမ်းကို ကောင်းမွန်ကြောင်း ၊ ကစားသမားသစ်တွေ အနေနဲ့ ရာသီသစ် မတိုင်မီ အသင်းသစ်မှာ အံဝင်နိုင်ဖို့ အသင််းရဲ့ ကစားကွက်မှာ အံဝင်နိုင်ဖို့ အချိန်ပိုရကြောင်းဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ သူတို့ကို စောစောရနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ရပါတယ် ။ ဒီလိုဖြစ်နိုင်ဖို့ အမြဲတော့ မလွယ်ကူနိုင်ပါဘူး ။ ဒါပေမဲ့ အခု တစ်ကြိမ်မှာတော့ ကျွန်တော်တို့ ကံကောင်းစွာပဲ မေဆွန် နဲ့ အန်ဒရေ တို့ကို ခေါ်ယူထားနိုင်ခဲ့ကြပါတယ် ။ အခုတော့ သူတို့ အသင်းရဲ့ process တွေထဲ ပါဝင်ခွင့် ရရှိခဲ့ကြပါပြီ ”
” သူတို့ဟာ အသင်းရဲ့ ကစားကွက်ထဲ အမြန်ဆုံး အံဝင်ခွင့် ရရှိထားခဲ့ကြပါပြီ ။ ကျွန်တော်တို့ အခြေခံ ကောင်းကြပါတယ် ။ အဲ့တာကို အခြေခံပြီး ကျွန်တော်တို့ တည်ဆောက််မှုတွေ လုပ်ဆောင်ရမှာပါ ။ အဲ့ဒီထဲကို သူတို့တွေအမြန်ဆုံး အံဝင်အောင် လုပ်ဆောင်ရပါ့မယ် ။ ကျွန်တော်တို့ရဲ့ အခြေခံ စည်းမျဥ်းတွေက ဘာလဲဆိုတာကို သူတို့ အမြန်ဆုံး လေ့လာကြရပါ့မယ် ”

” အခုက ရာသီကြို ပွဲစဥ်တွေ ကစားနေရတာပါ ။ သူတို့သာ ဒီမှာ ပူးပေါင်းဖို့နောက်ကျကြရင် အခက်အခဲတွေကို ဆက်တိုက် ကြုံတွေ့သွားပါလိမ့်မယ် ။ တကယ့်ပွဲစဥ်တွေ ပြန်လည် စတင်တဲ့အခါမှာ သူတို့တွေက အသင်းအတွက် အံဝင်ခွင်ကျ ကစားပေးနိုင်ဖို့ ရုန်းကန်ကြရပါလိမ့်မယ် ။ နောက်ကျတာက ဆိုးကျိုးပဲ ရှိနေမှာပါ ”
” ဒါ့ကြောင့် အခုလို အသင်းနဲ့ ပူးပေါင်းနိုင်တဲ့ သူတို့ နှစ်ယောက်နဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ဝမ်းမြောက်မိပါတယ် ။ အခုချိန်မှာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံထဲဝင်ဖို့ သူတို့ကို လေ့ကျင့်ပေးချိန် အများကြီး ရှိနေပါသေးတယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






