Monday, February 9, 2026
spot_img
spot_img

မောင့်အတွက် မန်ယူကပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းမှုကို ချဲလ်ဆီးပယ်ချ

ကွင်းလယ်လူမေဆင်မောင့်ကို ခေါ်ယူနိုင်ရေးအတွက် မန်ယူအသင်းက ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းမှုကို သောကြာနေ့ညတွင် ချဲလ်ဆီးအသင်းက ပယ်ချလိုက်သည်။ မန်ယူသည် မောင့်အတွက် ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ အခြားဆုကြေးပေါင် ၅ သန်း စုစုပေါင်း ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းခြင်းခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးက မောင့်အတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၅၈ သန်း ခြေစွမ်းခြေစပေါ်မူတည်၍ ပေါင် ၇ သန်းစုစုပေါင်း ပေါင် ၆၅ သန်းပေးရန် မန်ယူသို့ တန်ပြန်တောင်းဆိုမှုတစ်ခုပြန်လည် ပြုလုပ်လိုက်ပြီး အားလုံးအဆင်ပြေစေမည့် အဖြေတစ်ခုရှာနိုင်ရန်အတွက် နှစ်ဘက်ကိုယ်စားလှယ်များ မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရေးကိုပါ ကမ်းလှမ်းလိုက်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် မောင့်ကို ပေါင် ၅၅ သန်းထက်ပိုပေး၍ ခေါ်ယူရန်ကိုမူ တွန့်ဆုတ်နေသည်။ မောင့်အတွက် ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းမှုသည် မန်ယူ၏နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်ကြောင်းလည်း အဆိုပါကမ်းလှမ်းမှုပြုလုပ်စဉ်ကတည်းက သတင်းထွက်နေခြင်းဖြစ်သည်။ မောင့်သည် တန်းဟက်၏ အရေးပါသော အပြောင်းအရွှေ့ပစ်မှတ်ဖြစ်သော်လည်း မန်ယူအနေဖြင့် ပေါင် ၆၅ သန်းသုံး၍ ၎င်းကို ခေါ်ယူမည်လားဆိုသည်မှာမူ စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments