Monday, February 9, 2026
spot_img
spot_img

မေဆန်မောင့်ကို ကြားဖြတ်ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ဆန္ဒရှိနေ

ဘိုင်ယန်မြူးနစ်အသင်းသည် မန်ယူနှင့် ချယ်လ်ဆီးတို့ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်မပြေဖြစ်နေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ကြားဖြတ်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

မေဆန်မောင့်က ချယ်လ်ဆီးမှ ထွက်ခွာ၍ မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် လိုလားနေသလို၊ မန်ယူအသင်းကလည်း ၎င်းကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ချယ်လ်ဆီးအသင်းက ပေါင်(၆၅)သန်းအထိ အလိုရှိနေသည့်အတွက် သဘောတူညီမှုမရခြင်းဖြစ်သည်။

ယခုအခါ ချယ်လ်ဆီးအသင်းတွင် လက်တွဲခဲ့ဖူးသည့် မေဆန်မောင့်ကို ဘိုင်ယန်နည်းပြ သောမတ်စ်တူဟယ်လ်က ဂျာမန်မြေသို့ ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်ပကလပ်ဆိုပါက ချယ်လ်ဆီးအသင်းက စျေးလျှော့ပေးဖွယ်ရှိသည်ဟု သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments