Wednesday, February 11, 2026
spot_img
spot_img

မေဆင်မောင့် ရဲ့ အနာဂါတ် ?

ချဲလ်ဆီး ကွင်းလယ် တိုက်စစ်သမားလေး မေဆင်မောင့် ဟာ လန်ဒန် ကလပ် နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ကာလကို ရောက်ရှိနေပါပြီ ။ ဒီလို အချိန်မျိုးမှာ ကစားသမားရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး သတင်းတွေ မျိုးစုံ ထွက်တတ်ပါတယ် ။ ကလပ် မှာ ဆက်ရှိနေမလား ၊ တခြား ပြိုင်ဘက် တသင်းသင်းကို ရောက်သွားမလား ၊ ဗြိတိန်ပြင်ပကို ထွက်ပြီး စွန့်စားခန်း ဖွင့်မလားဆိုတာ မျိုးတွေပါ ။

လီဗာပူး ECHO ရဲ့ အဆိုအရ ဂျာဂင်ကလော့ ဟာ မေဆင်မောင့် ကို သဘောကျနေတယ်လို့ သိရပါတယ် ။ နွေရာသီ မှာ ကွင်းလယ်ကို အဓိက အားဖြည့်မယ် ကလော့ ဟာ ဒေါ့မွန် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ် ကို ခေါ်ယူဖို့ သိပ်ပြီး စိတ်မဝင်စားတော့ဘဲ အခြားပစ်မှတ်တွေကို အားစိုက်ဖို့ ရှိနေတယ်လို့ မနေ့ညပိုင်းက စပြီး အင်္ဂလိပ် မီဒီယာတွေမှာ ဖော်ပြလာခဲ့တာပါ ။ ဒါဟာ တကယ်လား လှည့်ကွက်လားဆိုတာကိုတော့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ် ။

မေဆင်မောင့် ဟာ အခုချိန်အထိ သူ့ဘ၀ ရဲ့ အကောင်းဆုံး ပုံစံကို မပြသသေးပါဘူး ။ ဒါပေမယ့် စာချုပ်သစ် ချုပ်ဆို ဖြစ်မယ်ဆိုရင်တော့ အသင်းရဲ့ ထိပ်တန်း လုပ်ခရှင်တွေထဲက တယောက် ဖြစ်ချင်တဲ့ ဆန္ဒ ရှိနေတယ်လို့ အသံထွက်နေပါတယ် ။

ချဲလ်ဆီး ဘက်က မေဆင်မောင့် ကို ၇ နှစ် ၈ နှစ်လောက် သက်တမ်းရှိမယ့် စာချုပ်ကို ကမ်းလှမ်းဖို့ စီစဉ် နေပေမယ့် ကစားသမားဘက် ကတော့ တိုတောင်းတဲ့ စာချုပ်ကိုသာ လက်ခံချင်တဲ့ သဘော ရှိနေပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments