Wednesday, January 14, 2026
spot_img
spot_img

မေဆင်မောင့်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ လိုချင်နေတဲ့ ချဲလ်ဆီး

မေဆင်မောင့်ကို ခေါ်ယူလိုသော အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ပေးရန် ချဲလ်ဆီးအသင်းဘက်မှ တောင်းဆိုဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။ မောင့်သည် လာမည့်ဘောလုံးရာသီအကုန်တွင် အပြာရောင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မောင့်သည် ချဲလ်ဆီးနှင့် စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှု မအောင်မြင်ဖြစ်နေပြီး ချဲလ်ဆီးကလည်း စာချုပ်သက်တမ်းကုန်ဆုံးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ရမည့်အစား လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ၎င်းကို ရောင်းထုတ်ရန်ကြိုးစားလာခြင်း ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ မောင့်ကို ခေါ်ယူရန် စိတ်ဝင်စားသော အသင်းများတွင် ချဲလ်ဆီး၏ ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြသော မန်ယူနှင့် လီဗာပူးအသင်းတို့ပါဝင်နေသည်။ တူချယ်သည် ဘိုင်ယန်သို့ရောက်ရှိသွားပြီးနောက် မောင့်ကိုခေါ်ယူလိုသော အသင်းများတွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းလည်း ပါဝင်လာသည်။

ချဲလ်ဆီးအသင်းသည် ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ကစားသမား ခေါ်ယူရေးအတွက် ပေါင်သန်း ၅၀၀ ကျော်အသုံးပြုထားပြီး အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်ပြီး ငွေပြန် ရှာရန်လည်း ကြိုးစားနေသည်။ ထို့ကြောင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသော မောင့်ကို ပေါင်သန်း ၇၀ ခန့်ဖြင့်ကမ်းလှမ်းလာပါက ချဲလ်ဆီးက မငြင်းဆန်ဘဲ ရောင်းထုတ်သွားမည်ဖြစ်ကြောင်း မီဒီယာအချို့က သတင်းဖော်ပြသည်။

၂၀၂၄ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော ကစားသမားတစ်ဦးကို ၂၀၂၃ နွေရာသီကာလတွင် ပေါင်သန်း ၇၀ ပေး၍ ခေါ်ယူရန် ပြိုင်ဘက်အသင်းများက ဆုံးဖြတ်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments