Saturday, February 7, 2026
spot_img
spot_img

မီဒီယာများလိမ်နေသည်ဟု စီရော်နယ်လ်ဒို စွပ်စွဲခဲ့ပြီး မိမိ၏အခြေအနေနှင့် ပတ်သက်၍ (၂)ပတ်အတွင်း အမှန်တရားကို ပြောပြမည်ဟု ဖွင့်ဟ

မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိ၏အခြေအနေနှင့်ပတ်သက်၍ မီဒီယာများ၏ဖော်ပြမှုများမှာ အလိမ်အညာများသာဖြစ်သည်ဟု စွပ်စွဲခဲ့ပြီး နှစ်ပတ်အတွင်း အမှန်တရားကို ထုတ်ဖော်ပြောပြသွားမည်ဖြစ်ကြောင်း Instagram တွင် ပရိသတ်တစ်ဦးအား Reply ပြန်ခဲ့သည်။

အသက် (၃၇) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ယခုနွေရာသီတွင် မန်ယူအသင်းကိုစွန့်ခွာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ၎င်းသည် ဘရိုက်တန်အသင်းကို (၁-၂) ဂိုးဖြင့်ရှုံးနိမ့်သည့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွင် အရန်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး ဘရန့်ဖို့ဒ်နှင့်ပွဲတွင်မူ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း မန်ယူအသင်း မှာ (ဝ-၄) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

ယင်းနောက် မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒို အပေါ်သဘောထားပြောင်းလဲကာ ရောင်းထုတ်ဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ် ခဲ့သည်။ သို့သော် ယခုအခါ မန်ယူအသင်းအနေဖြင့် ယခုနွေရာသီတွင် စီရော်နယ်လ်ဒိုအား ရောင်းချမည်မဟုတ်ကြောင်း Daily Mail က အခိုင်အမာဖော်ပြခဲ့သည်။ ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ ဖော်ပြနေမှုများမှာ အလိမ်အညာများသာဖြစ်ကြောင်း စီရော်နယ်လ်ဒိုက Instagram တွင် ပရိသတ်တစ်ဦးကို Reply ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီရော်နယ်လ်ဒိုက ၎င်းအကြောင်းဖော်ပြသည့် သတင်းအပုဒ် (၁၀၀)တွင် (၅) ပုဒ်သာ မှန်ကြောင်းလည်း ရေးသားခဲ့သည်။ နွေအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းရန် (၂)ပတ်ခန့်သာလိုတော့ရာ စီရော်နယ်လ်ဒိုအနေဖြင့် ဈေးကွက်ပိတ်သိမ်းပြီးမှသာ ဖွင့်ဟဖွယ်ရှိသည်။

စီရော်နယ်လ်ဒို၏ Instagram Reply တွင် “ရက်သတ္တပတ်(၂)ပတ်အတွင်း အင်တာဗျူးလုပ်လိုက်ရင် သူတို့(မီဒီယာ)အမှန်တရားကို သိမှာပါ။ မီဒီယာတွေ လိမ်နေတာပါ။ ပြီးခဲ့တဲ့လတွေအတွင်း ကျွန်တော့်အကြောင်း ဖော်ပြတဲ့သတင်းတွေကို သိမ်းထားတာ အပုဒ် (၁၀၀) ကျော်ရှိပြီး အဲဒီထဲမှာ(၅) ပုဒ်ပဲ မှန်ပါတယ်။ ဘယ်လောက်ဆိုးလဲ စဉ်းစားသာကြည့်ပေါ့” ဟု ရေးသားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments