Thursday, January 22, 2026
spot_img
spot_img

မိုနာကိုနောက်ခံလူ ဘာဒီယာရှီးလ်ကို ချယ်လ်ဆီး သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းသည် မိုနာကိုအသင်းမှ ပြင်သစ်နောက်ခံလူ ဘာဒီယာရှီးလ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုအပါအဝင် မီဒီယာများစွာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

ဘာဒီယာရှီးလ်(၂၁ နှစ်)သည် အရပ်(၆)ပေ၊ (၄)လက်မမြင့်မားပြီး နည်းစနစ်ပိုင်းကျွမ်းကျင်သူ၊ မည်သည့်ကစားကွက်တွင်မဆို အံဝင်အောင် ကစားနိုင်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည့်အပြင် မိုနာကိုအသင်းအတွက် ပြင်သစ်လီဂူးပွဲပေါင်း(၁၀၀)ကျော် ကစားထားသူလည်းဖြစ်သည်။

ဖာဘရီဇီယိုရိုမာနိုက ချယ်လ်ဆီးအသင်းသည် ဘာဒီယာရှီးလ်ကို ယူရို(၃၈)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း၊ ၎င်းသည် မိုနာကိုအသင်းဖော်များကို နှုတ်ဆက်စကားပင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ချယ်လ်ဆီးအသင်းနှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်ရှည်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့တွင် မိုလ်ဒီမှ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဖိုဖာနာကို ခေါ်ယူခဲ့ပြီးနောက် ဘာဒီယာရှီးလ်ကို သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments