Monday, February 9, 2026
spot_img
spot_img

မိုဒရစ်၏ နံပါတ် (၁၀)ကို ရယူလိုသည်ဟု ရိုဒရီဂို ပြောကြား

ရီးယဲလ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုက ၀ါရင့်ကစားသမား မိုဒရစ် အသင်းမှ ထွက်ခွာသွားခဲ့ပါက ၎င်း၏ နံပါတ်(၁၀)ကို ရယူသွားလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

ရိုဒရီဂို(၂၂ နှစ်)သည် လက်ရှိအချိန်၌ ရီးယဲလ်အသင်းတွင် နံပါတ်(၂၁)ဝတ်ဆင်နေသူဖြစ်သည်။ 

၎င်းက “အရ်ိုးသားဆုံးပြောရရင် ကျွန်တော် အဲဒီနံပါတ်ကို အရမ်းလိုချင်ပါတယ်။ မိုဒရစ်နဲ့လည်း အဲဒီအကြောင်းပြောမှာပါ။ ကျွန်တော် သူ့ကို အသင်းမှာ နောက်တစ်နှစ် ဆက်ရှိစေချင်ပြီး သူ မရှိတော့ရင် အဲဒီနံပါတ်ကို ရယူသွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အသက် (၃၇)နှစ်အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင်ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

မိုဒရစ်က ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုကြောင်း ပြောကြားသော်လည်း အသင်းဘက်ကမူ ကမ်းလှမ်းမှုမရှိသေးကြောင်းလည်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments