Monday, October 27, 2025
spot_img
spot_img

မိမိသည် ဟော်လန်း၏ ပရိသတ်ဟု အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ်အသင်း၏ နည်းပြဟောင်း အာစင်ဝင်းဂါးက မိမိသည် မန်စီးတီးတိုက်စစ်မှူး ဟော်လန်း၏ ပရိသတ်တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက နည်းပြဘဝတွင် ဟော်လန်းလိုကစားသမားနှင့် လက်တွဲချင်ခဲ့ကြောင်းလည်း ဆိုခဲ့သည်။

“သူက မွန်းစတားတစ်ကောင်ပါပဲ။ ပြိုင်ဘက်အဖြစ် ရင်မဆိုင်ချင်တဲ့ ကစားသမားမျိုးဖြစ်တာလည်း သေချာပါတယ်။ ဂိုးဧရိယာအတွင်း သူ့ရဲ့လှုပ်ရှားပုံက စိတ်လှုပ်ရှားစရာ တကယ်ကောင်းပါတယ်။ သူက ကျွန်တော် လက်တွဲချင်တဲ့ ကစားသမားမျိုးပါ”ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲတွင် မန်စီးတီးအသင်းက လိဒ်စ်အသင်းအား အဝေးကွင်း၌ (၃-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဟော်လန်းက နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ၎င်းသည် ပရီးမီးယားလိဂ်၌ (၁၄) ပွဲကစားအပြီးမှာပင် ဂိုး (၂၀) သွင်းယူထားနိုင်ပြီဖြစ်ပြီး ယင်းမှတ်တမ်းကို အမြန်ဆုံးရရှိသူဖြစ်လာခဲ့သည်။

ယင်းစံချိန်ကို ယခင်က တင်ရှိထားသူမှာ ဆန်းဒါးလန်းအသင်း၏ တိုက်စစ်မှူး ကီဗင်ဖီးလစ်ဖြစ်ပြီး ဟော်လန်းက ကီဗင်ဖီး လစ်ထက် (၈)ပွဲ ပိုနည်းခဲ့ကြောင်းလည်း သိရှိရသည်။

ထို့ပြင် ဟော်လန်းသည် ပြိုင်ပွဲစုံသွင်းဂိုး (၂၅)ဂိုးအထိ ရှိလာခဲ့ပြီး ဂွါဒီယိုလာလက်အောက်၌ ကစားဖူးသူများအနက် ပြိုင်ပွဲစုံသွင်းဂိုး (၂၅) ဂိုးကို အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားဖူးသည့် ကမ္ဘာကျော်တိုက်စစ်မှူးများစွာရှိခဲ့ပြီး မက်ဆီ၊ လီဝန်ဒေါစကီး၊ အီဘရာဟီမိုဗစ်တို့အပါအဝင် အခြားမည်သည့်တိုက်စစ်မှူးထက်မဆို ပြိုင်ပွဲစုံ (၂၅)ဂိုးကို ပွဲအနည်းဆုံးအရေအတွက်ဖြင့် သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments