ဝက်စ်ဟမ်းအသင်း၏ အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်က မိမိတို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဆုဖလားအောင်ပွဲ ရယူနိုင်မည့်အချိန်အခါကို ရောက်ရှိနေပြီဖြစ်ပြီး ယင်းကဲ့သို့ အမှန်တကယ်စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဒက်ကလန်ရိုက်က “ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို ရှုံးခဲ့ပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားအစုအဖွဲ့က အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ကျွန်တော်တို့ အဓိကဆုဖလားတစ်ခုခု ရယူနိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒက်ကလန်ရိုက်သည် ယူရို-၂၀၂၃ ခြေစစ်ပွဲအဖြစ်ကစားခဲ့သည့် အီတလီအသင်းနှင့်ပွဲတွင် အင်္ဂလန်အသင်း၏အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။






