Tuesday, January 13, 2026
spot_img
spot_img

မိတိုမာကို ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ကိုဗာချစ်ကိုလည်း ပစ်မှတ်ထားနေတဲ့ အယ်လ်နာဆာ

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းကတော့ ဘရိုက်တန်အသင်းရဲ့ ဂျပန်တောင်ပံကစားသမား ကာအိုယူ မိတိုမာအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သလို မန်ချက်စတာ စီးတီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား မက်တီအို ကိုဗာချစ်ကိုလည်း ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုလို GOAT ကြီးတစ်ဦးအပါအဝင် ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အန်းမရစ် လာပေါ့တ်နဲ့ အော်တာဗီယိုတို့ကို အသင်းဆီ အရ ခေါ်ယူထားနိုင်တဲ့ အယ်လ်နာဆာအသင်းဟာ မကြာသေးခင်ကလည်း အက်စတွန် ဗီလာ တိုက်စစ်မှူးလေး ဂျွန်ဒူရန်ကိုပါ ယူရို(၇၇)သန်းနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။

ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဝင်အသင်းတွေမှာ အယ်လ်ဟီလာ အယ်လ်အစ်တီဟတ် အယ်လ်အာလီနဲ့ အယ်လ်နာဆာအသင်းတွေက အင်အားကြီး ကလပ်အသင်းတွေ ဖြစ်နေကြသလို တစ်နှစ်ပြီးတစ်နှစ် ပြိုင်ဆိုင်မှုတွေကလည်း ပိုမို ပြင်းထန်လာတာကြောင့် အယ်လ်နာဆာအနေနဲ့ ကစားသမားအင်အားကို ပိုမို အင်အားကြီးလာအောင် ပြင်ဆင်နေပါတယ်။

Al Nasr bids for Mithoma, targets Kovacic

လက်ရှိမှာ တိုက်စစ်ပိုင်းအတွက် ရော်နယ်လ်ဒို မာနေး ဒူရန်တို့ ရှိနေပေမယ့် မာနေးကို အသင်းကနေ ရောင်းချသွားဖို့ ရှိနေတဲ့အတွက် ဘရိုက်တန် တောင်ပံကစားသမား မိတိုမာကို ယူရို(၆၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဘရိုက်တန်ဘက်က ချက်ချင်းဆိုသလို ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

အယ်လ်နာဆာကတော့ ဂျပန်လက်ရွေးစင် တောင်ပံကစားသမားကို အသင်းဆီ ခေါ်ယူနိုင်ရေးအတွက် လက်လျှော့သွားဦးမှာ မဟုတ်ဘဲ ကနဦး ကမ်းလှမ်းမှုထက် ပိုမိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ပါ ထပ်မံ ကမ်းလှမ်းသွားဖို့ ရှိနေသလို ဆော်ဒီရဲ့ ဆောင်းဈေးကွက် မပိတ်သိမ်းခင် နောက်ထပ် နာမည်ကြီး ကစားသမားတွေကိုပါ ထပ်မံ ခေါ်ယူသွားဖို့လည်း ရှိနေပြန်ပါတယ်။

အယ်လ်နာဆာတို့ အလိုရှိနေတဲ့ ကစားသမားတွေထဲမှာ မန်စီးတီး ကွင်းလယ်လူ ကိုဗာချစ်လည်း ပါဝင်လို့နေပြီး လာမယ့်နွေဈေးကွက်လောက်မှာပဲ ကိုဗာချစ်ကို အရ ခေါ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ မန်စီးတီးက ဒီဈေးကွက်ထဲမှာ ဂျုဗင်တပ်စ်ကနေ ဒေါက်ဂလပ်စ် လူးဝစ်ကို ခေါ်ဖြစ်လိုက်မယ်ဆိုရင် ကိုဗာချစ်လည်း အယ်လ်နာဆာအသင်းဆီ ခပ်စောစောပါ ရောက်သွားနိုင်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments