ဂန်းနားတွေ (အာဆင်နယ်) ဟာ စိန့်ဂျိမ်းစ်ပါ့ခ် (နယူးကာဆယ်လ်အိမ်ကွင်း) မှာ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီတီးအသင်း နဲ့ တစ်မှတ်သာကွာပါတော့တယ်။
အာဆင်နယ်ဟာ တတိယနေရာမှ နယူးကာဆယ်ကို ၂-၀ ဖြင့် အနိုင်ရရှိကာ ၎င်းတိုရဲ့ ပါးလွှာတဲ့ ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မာတင်အိုဒီဂတ်ရဲ့ ပထမပိုင်းဖြတ်တင်မှုမှ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ဦးဆောင်ဂိုးကို ပွဲချိန် ၁၄ မိနစ်မှာ ရရှိပြီးနောက် ပွဲချိန် ၇၁ မိနစ်မှာ ဖာဘီယန်စချာက ဒုတိယဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မေ ၇ က ကစားခဲ့တဲ့ အဆိုပါပွဲစဥ်မှာ နယူးကာဆယ်က အခွင့်အရေးတွေ ရခဲ့ပေမဲ့ အာရွန် ရမ်စဒေးလ် ဟာ ထိပ်တန်းမန်စီးတီးနဲ့ တစ်မှတ်သာကွာဟနေတဲ့ ဂန်းနားတွေရဲ့ပုံစံကို ပုံဖော်ခဲ့ပြီပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။








