Tuesday, January 13, 2026
spot_img
spot_img

မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ထားသဖြင့် မိမိနေရာကို စိတ်ဝင်စားနေခြင်းဖြစ်မည်ဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် တုံ့ပြန်

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ထားသဖြင့် မိမိနေရာကို အခြားသူများက စိတ်ဝင်စားနေခြင်းဖြစ်မည်ဟု တုံ့ပြန်ပြော ကြားသည်။

ဆောက်ဂိတ်နှင့် အင်္ဂလန်အသင်း၏စာချုပ်မှာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် စွမ်းဆောင်ရည်မကောင်းပါက လမ်းခွဲရနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ထို့ပြင် စပါးနှင့် PSGအသင်းနည်းပြဟောင်း ပိုချက်တီနိုက အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရလိုကြောင်း ထုတ်ဖော်ပြောကြားထားသလို ချယ်လ်ဆီး အသင်းနည်းပြဟောင်း တူဟယ်လ်မှာလည်း ယင်းရာထူးကို စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့ဖြစ်ရာ ဆောက်ဂိတ်က ”ကျွန်တော်တို့က မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ မြင်လာအောင် လုပ်ထားနိုင်လို့လည်း ဖြစ်မှာပါ။ ကျွန်တော်တို့က ဖြစ်နိုင်ခြေရှိတယ်လို့မြင်ရအောင် လုပ်ထားနိုင်ပါပြီ။ အဲဒါက တခြားသူတွေအတွက် စိတ်လှုပ်ရှားစရာဖြစ်စေမှာပါ။ ဒါကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့က အင်္ဂလန်ကို နောင်နှစ်ပေါင်းများစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်း ဖြစ်လာစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အကယ်ဒမီစနစ်က အဲဒီလိုဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ယူရို- ၂၀၂၀ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments