Thursday, January 22, 2026
spot_img
spot_img

” မနှစ်ကပွဲကို လုံးဝ မမေ့ပါဘူး ” ချဲလ်ဆီး နဲ့ ပွဲအပြီး အာဆင်နယ် အသင်းဖော်တွေကို သတိပေးစကားဆိုလိုက်တဲ့ ရှာကာ

ချဲလ်ဆီး အသင်းကို ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲအပြီးမှာ ဂန်းနား ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ နယူးကာဆယ် နဲ့ ပွဲ အတွက် အာဆင်နယ် အသင်းဖော်တွေကို သတိပေး စကားဆို သွားခဲ့ပါတယ် ။အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်မှာ လန်ဒန် မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို ၃-၁ နဲ့ အနိုင်ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်း အပြီးမှာကတည်းက ကပ္ပတိန် အော်ဒီဂတ် ၊ ဂျေးဇု တို့ရဲ့ သွင်းဂိုး တွေ နဲ့ သုံးဂိုးပြတ် ဦးဆောင် နေခဲ့တာပါ ။ ဒုတိယပိုင်းမှာ ချဲလ်ဆီး ဘက်က သွင်းဂိုး တစ်ဂိုး ပြန်သွင်း ခဲ့ပေမယ့် အမှတ် ရလောက်တဲ့ အထိ ပြန်လည် comeback နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ၊ ချဲလ်ဆီး နဲ့ ပွဲမှာ အော်ဒီဂတ် ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီး ပေးခဲ့တဲ့ ရှာကာ ကတော့ ပွဲအပြီးမှာ လာမယ့် နယူးကာဆယ်နဲ့ ပွဲအတွက် အသင်းဖော်တွေကို ကြိုတင် သတိပေးသွားခဲ့ပါတယ် ။

” မနှစ်က သူတို့(နယူးကာဆယ်) နဲ့ ပွဲကို ကျနော်တို့ လုံးဝ မမေ့ပါဘူး ၊ အရိုးသားဆုံး ပြောရရင် သူတို့က ကျနော် တို့ကို စိတ်ကြိုက် ချေမှုန်း ကစားသွား ခဲ့တာပါ ၊ သူတို့ ကျနော် တို့ထက် ပိုကောင်း ခဲ့ပြီး နိုင်ပွဲ ရလိုစိတ် ပိုရှိခဲ့ပါတယ် ၊ ဒီတစ်ခေါက် သူတို့ဆီ သွားကစားရမယ့် ပွဲမှာ​တော့ ကျနော်တို့ အဆင်သင့် ဖြစ်ပြီ ဖြစ်ကြောင်း ပြသရမှာပါ ။ ”

” ကျနော်တို့ ဒီနေရာကို ဘာကြောင့် ရောက်နေသလဲ ဆိုတာ သူတို့ သိအောင် ပြသ နိုင်ဖို့ လိုအပ်ပါတယ် ၊ အခု အချိန်မှာ ကျနော်တို့ အသင်းဟာ ဒီနေရာကို ထိုက်ထိုက်တန်တန် ရောက်နေတာ ဖြစ်ကြောင်းပေါ့ ၊ ဒါပေမယ့် နယူးကာဆယ် ကလည်း သိပ်ကောင်းနေတာကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်မှာတော့ အသေအချာပါပဲ ။ ”

” ကျနော်တို့ အနေနဲ့ သူတို့ဆီ ယုံကြည်မှု အပြည့်နဲ့ သွားပီးကိုယ့် ကစားပွဲ ဖြစ်အောင် ကစားရမှာပါ ၊ လန်ဒန်ကို ရမှတ် ၃ မှတ် ပြန်သယ်လာနိုင်ဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ မနှစ်က နယူးကာဆယ် ကို အရေးနိမ့်ပီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် မှေးမှိန်သွားခဲ့ရတာ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments