မန်ယူအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း စီရော်နယ်လ်ဒို မရှိတော့သည့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်နေပြီး အသင်းပစ်မှတ်စာရင်းတွင် အက်သလက်တီကိုအသင်းမှ စပိန်ဝါရင့်တိုက်စစ်မှူး မိုရာတာလည်း ပါဝင်နေကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် PSV လူငယ်တိုက်စစ်ကစားသမား ဂက်ပိုကို အဓိကအလိုရှိနေသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားလျှင် မိုရာတာကို ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိသည်ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

မိုရာတာသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း၏အုပ်စု(၃)ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းတွင် ကစားဖူးသည့် အတွေ့အကြုံလည်းရှိသည်။






