Monday, February 9, 2026
spot_img
spot_img

မန်ယူအသင်းနှင့် ဒီဟေးယား သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိ

မန်ယူအသင်း၏ ဂိုးသမား ဒီဟေးယားသည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။

စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားသည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ မြင့်မားသည့်လစာနှုန်းထားကြောင့် မန်ယူအသင်းက သက်တမ်းတိုးရန် တွန့်ဆုတ်နေသည်။

ယင်းအခြေအနေတွင် ဒီဟေးယားက လစာလျှော့ချ၍ သက်တမ်းတိုးရန်ဆန္ဒရှိနေကြောင်း သိရသည်။

မန်ယူအသင်းကလည်း အတွေ့အကြုံရင့်ကျက်ပြီး လက်စွမ်းပြနေသည့် ဒီဟေးယားကို သက်တမ်းတိုးရန်လိုလားနေကြောင်း သိရသည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဒီဟေးယားသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၀၃) ပွဲ ပါဝင်ကစားထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments