စပါးအသင်း၏ စပိန်လူမျိုးခံစစ်ကစားသမား ရက်ဂူလန်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ရေးအတွက် ဆေးစစ်မှုပြုလုပ်ပြီး သွားပြီဖြစ်သည်။ မန်ယူတွင် ဘယ်အစွန်ခံစစ်မှူးများဖြစ်ကြသော မာလာစီယာနှင့် လုခ်ရှောတို့ ဒဏ်ရာရရှိနေခြင်းကြောင့် ရက်ဂူလွန်ကို အငှားဖြင့်ခေါ်ယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရက်ဂူလွန်နှင့် မန်ယူတို့၏ အငှားဖြင့်အပြောင်းအရွှေ့သဘောတူညီချက်တွင် မာလာစီယာနှင့် လုခ်ရှောတို့ ကြံ့ခိုင်မှုပြန်ရပါက ရက်ဂူလွန်အနေဖြင့် အငှားသက်တမ်း အလိုအလျောက်ကုန်ဆုံးပြီး စပါးသို့ ပြန်မည်ဆိုသော သဘောတူညီချက်လည်း ပါဝင်ကြောင်း သတင်းများက ဖော်ပြကြသည်။

မန်ယူသည် ချဲလ်ဆီးအသင်းမှ ကူကူရယ်လာနှင့် ဆွေးနွေးမှု မအောင်မြင်ဖြစ်ပြီးနောက် အသက် ၂၆ နှစ်အရွယ်ရှိ ရက်ဂူလွန်ကို အငှားဖြင့်ခေါ်ယူနိုင်ရေး ကြိုးစားလာခြင်းဖြစ်သည်။ ရက်ဂူလွန်သည် ၂၀၂၀ တွင် ရီးရဲမက်ဒရစ်မှ စပါးသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၆၇ ပွဲပါဝင်ကစားထားသည်။ လုခ်ရှောသည် နှစ်လခန့်နားရမည်ဖြစ်သည်။






