Wednesday, February 11, 2026
spot_img
spot_img

မန်ယူမှာ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ရဖွယ်ရှိတဲ့ ဂါနာချို

မန်ယူအသင်းသည် အသင်း၏အာဂျင်တိုင်းလူငယ်တောင်ပံကစားသမား ဂါနာချိုကို မန်ယူ၏ဂန္ထဝင်ကျောနံပါတ်ဖြစ်သော နံပါတ် ၇ ဂျာစီကို ပေးအပ်ရန်စီစဉ်နေသည်။ အသက် ၁၈ နှစ်အရွယ်ရှိ ဂါနာချိုသည် ၂၀၂၂ ဧပြီ ချဲလ်ဆီးနှင့်ကစားသည့်ပွဲတွင် မန်ယူစီနီယာအသင်းကြီး၌ စတင်ပါဝင်ကစားခဲ့ပြီးနောက်တွင် တန်းဟက်၏အသင်းတွင် အားကိုးရသည့် တိုက်စစ်ကစားသမား ဖြစ်လာခဲ့သည်။

၂၀၂၂-၂၃ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ သုံးဂိုးသွင်းယူခဲ့သော ဂါနာချိုသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ ကျောနံပါတ် ၄၉ ဂျာစီကို ဝတ်ဆင်ကစားနေသလို အသင်းတွင်လည်း အရန်ကစားသမားအဖြစ် ပွဲအတော်များများတွင် ဝင်ကစားခွင့်ရခဲ့သည်။ ထိုသို့ဝင်ကစားရာတွင်လည်း အသင်း၏ ရလဒ်ပိုင်းကို အပြောင်းအလဲလုပ်ပေးနိုင်ခဲ့ခြင်းများရှိသောကြောင့် ပရိသတ်က နှစ်ခြိုက်သည့် ကစားသမားဖြစ်လာသည်။

ရော်နယ်ဒိုထွက်ခွာသွားပြီးနောက် လွတ်နေသော ကျောနံပါတ် ၇ ဂျာစီကို ဂါနာချိုကို ပေးအပ်ရန် မန်ယူတာဝန်ရှိသူများက စီစဉ်နေသည်။ ဂါနာချိုသည် ပြီးခဲ့သည့် ဧပြီလတွင်မန်ယူနှင့် ၅ နှစ်စာချုပ်သက်တမ်းတိုးထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments