Thursday, October 23, 2025
spot_img
spot_img

မန်ယူနိုက်တက် Vs အာဆင်နယ် ပွဲမှာ ဘယ်လို ရလဒ် ထွက်ပေါ်မလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ဖာဘရီဂက်စ်

ဂန်းနားဟောင်း ဆက်စ်ဖာဘရီဂက်စ် ကတော့ ဒီတစ်ပတ် အိုးထရက်ဖိုဒ့် မှာ ကစားမယ့် ပွဲမှာ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် ထက် အစစအရာရာ သာလွန် ကောင်းမွန်လွန်းနေတာကြောင့် ဂန်းနားတို့ပဲ သက်သောင့်သက်သာ အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ မန်ချက်စတာ စီးတီး အသင်းထက် တစ်ပွဲ ပို ကစား ၊ တစ်မှတ် အသာ နဲ့အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ အသင်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ အတွက် လက်ကျန် ၂ ပွဲစလုံးကို အနိုင် ကစားဖို့ လိုအပ်သလို တစ်ဖက်မှာလည်း မန်စီးတီး အသင်း အမှတ် လျော့ဖို့ကို မျှော်လင့် ရမှာပါ ။

အာဆင်နယ် အသင်းက လက်ကျန် ၂ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပြီး မန်စီးတီး အသင်းကတော့ ဖူလ်ဟမ် ၊ စပါး ၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရမှာပါ ။ ဒီတစ်ပတ် မှာတော့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အစဉ်အလာ ပြိုင်ဘက်ဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

ဖာဘရီဂက်စ် က Planet Premier League Podcast မှာ ” ဒါဘီ ပွဲတွေကတော့ ဒါဘီ ပွဲအတိုင်းပါပဲ ။ ကျနော်ကတော့ ဒီပွဲကို Big Game လို့ပဲ မြင်ပါတယ် ၊ အာဆင်နယ် နှင့် ယူနိုက်တက် တို့က ထိပ်တိုက် တွေ့ဆုံတိုင်း အမြဲတမ်း ပွဲကောင်းတွေ ဖြစ်ခဲ့တာပါပဲ ၊ ယူနိုက်တက် က ခုချိန်မှာ အရင်ကလို အဆင့်အတန်းမျိုး မရှိတော့ဘူးဆိုတာ ကျနော်တို့ အားလုံး လက်ခံ သဘောတူရမှာပါ ၊ အာဆင်နယ် က ယူနိုက်တက် အတွက် သိပ်ကို အားကြီးလွန်းနေတဲ့ အသင်း ဖြစ်နေပါတယ် ။ ”

” အာဆင်နယ် က ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ယုံကြည်မှု ပိုပြီး မြင့်မားလာခဲ့သလို အတွေ့အကြုံတွေလည်း ပိုမို ရင့်ကျက် လာခဲ့တဲ့ အသင်းပါ ။ ကျနော်ကတော့ အာဆင်နယ် အသင်း သက်သောင့်သက်သာပဲ အနိုင် ရသွားလိမ့်မယ်လို့ မြင်ပါတယ် ၊ လွယ်ကူမယ့် ပွဲ‌တစ်ပွဲတော့ ဖြစ်မှာ မဟုတ်ပါဘူး ၊ ယူနိုက်တက် အသင်းမှာလည်း သမိုင်းကြောင်း အစဉ်အလာ ဆိုတာ ရှိပါတယ် ၊ ကျနော်တို့ ဒါကို လေးစားဖို့ လိုအပ်ပါတယ် ၊ ကျနော်ကတော့ အာဆင်နယ်ဟာ လက်ရှိမှာ ပိုပြီး အားကြီးတဲ့ အသင်း တစ်သင်း ဖြစ်နေတယ်ဆိုတာကိုပဲ ထပ်‌‌ပြောချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments