Monday, February 9, 2026
spot_img
spot_img

မန်ယူနည်းပြအဖွဲ့ရဲ့ သံသယတွေကြောင့် ရာသီအကုန်မှာ အသင်းကထွက်ခွာဖွယ်ရှိနေတဲ့ မက်ဂွိုင်းယား

အင်္ဂလန်အသင်းခံစစ်တွင် အမာခံအဖြစ်ကစားခွင့်ရနေသော်လည်း မန်ယူအသင်းနည်းပြအဖွဲ့သည်  မက်ဂွိုင်းယား၏ ခံစစ်ကစားနိုင်မှု  စွမ်းရည်နှင့်ပတ်သက်၍ သံသယရှိနေဆဲဖြစ်ကြောင်း  အင်္ဂလန်မီဒီယာ များက ဖော်ပြသည်။

မက်ဂွိုင်းယားသည် တန်းဟက်ရောက်လာပြီးနောက်ပိုင်းတွင် မန်ယူ၌ ပုံမှန်ပွဲကစားခွင့်မရသလို ခံစစ်တွင် စတုတ္ထမြောက်ဦးစားပေးကစားသမားအဖြစ်သာ  ကစားခွင့်ရနေသည်။ တန်းဟက်သည် ခံစစ်တွင် မာတီနက်ဇ်နှင့် ဗာရန်းတို့ကို ဦးစားပေးကစားစေပြီး တခါတရံတွင် လုခ်ရှောကို ခံစစ်အတွင်းလူနေရာတွင်သုံးနေသည်။ ထိုခံစစ်မှူးများနောက်မှသာလျှင် မက်ဂွိုင်းယားက ပွဲထွက်ခွင့်ရနေခြင်းကြောင့် ၎င်းအနေဖြင့် ပွဲကစားချိန်များစွာနည်းပါးနေမှုနှင့် ရင်ဆိုင်နေရသည်။

၂၀၁၉ တွင်ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့်မန်ယူသို့ ရောက်ရှိလာသော မက်ဂွိုင်းယားသည် အဆိုပါဈေးနှင့်သင့်လျော်သည့်ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိဖြစ်နေသည်။ သို့ရာတွင် အင်္ဂလန်အသင်း မန်နေဂျာဆောက်ဂိတ်ကမူ မက်ဂွိုင်းယားကို ယုံကြည်ချက်ပေးထားပြီး အီတလီ ယူကရိန်းတို့နှင့် ကစားသည့်ပွဲများတွင် ၎င်းကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သည်။

တန်းဟက်၏နည်းပြအဖွဲ့က အသင်း၏ခံစစ်တွင် မက်ဂွိုင်းယား၏  ရွေ့လျားမှုများကို လုံလောက်အောင်ကောင်းမွန်မှုမရှိဟု သံသယဝင်နေကြကြောင်း ထို့ပြင်မက်ဂွိုင်းယားသည် ခံစစ်ဇုန်ထဲမှ မလိုအပ်ဘဲ ရှေ့သို့တက်ကစားလွန်းနေသည်ဟု မန်ယူနည်းပြအဖွဲ့က ယူဆကြောင်း အင်္ဂလန်မှ နာမည်ကြီး အားကစားမီဒီယာတစ်ခုကဖော်ပြသည်။

ထိုအခြေအနေများကြောင့်မက်ဂွိုင်းယားသည်  ရာသီအကုန်တွင် မန်ယူမှ ထွက်ခွာရန်စဉ်းစားနေပြီး အသင်းမှ အငှားဖြင့်ဖြစ်စေ အပြီးသတ်ဖြစ်စေ ထွက်ခွာသွားနိုင်ကြောင်း  သတင်းများက သုံးသပ်ဖော်ပြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments