Thursday, January 22, 2026
spot_img
spot_img

မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် PSG အသင်း စိတ်ဝင်စားနေ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

PSG အသင်းသည် မက်ဆီ၊ နေမာ၊ ဘာပေ စသည့် နာမည်ကျော်ထိပ်တန်းတိုက်စစ်မှူးအများအပြားကို ပိုင်ဆိုင်ထားသော်လည်း အထောင်တိုက်စစ်မှူးအဖြစ်သာမက အခြားတိုက်စစ်နေရာများတွင်ပါ ကစားနိုင်ခြင်းကြောင့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မက်ဆီနှင့် နေမာတို့မှာ အသင်းတွင် ရေရှည်ရှိနိုင်မည်မဟုတ်သည့်အတွက် အသက်(၂၄)နှစ်သာရှိသေးသည့် ရပ်ရှ်ဖို့ဒ်ကို အားဖြည့်ခေါ်ယူရန် စိတ်ဝင်စားနေခြင်းလည်းဖြစ်သည်။

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအား စာချုပ်သက်တမ်း တိုးမတိုးမှာ နည်းပြသစ် တန်ဟက်ဂ်၏ သဘောထားအပေါ် မူတည်နေသည်။

မန်ယူအသင်း၏ ကျဆင်းနေသည့်အခြေအနေကြောင့် ရပ်ရှ်ဖို့ဒ်ကလည်း အသင်းသစ် ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် လိုလားနေကြောင်း သတင်းထွက်နေသည်။

ထို့ ကြောင့် PSG အသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများလည်း ရှိနေသည်။

မန်ယူအသင်းနှင့် ရပ်ရှ်ဖို့ဒ်၏ စာချုပ်မှာ ၂၀၂၃ တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း တစ်နှစ်သက်တမ်းထပ်တိုးနိုင်မည့် သဘောတူညီချက်ရှိနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments