Monday, February 9, 2026
spot_img
spot_img

မန်ယူက ခေါ်ယူချင်နေတဲ့ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟော့ချ်လန်း

အသက် ၂၀ နှစ်အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးသည် ယခုနိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်တွင် အသင်းအတွက် ၂ ပွဲကစားပြီး သွင်းဂိုး ၅ ဂိုးသွင်းပေးနိုင်ခဲ့သည်။ ဟော့ချ်လန်းသည် လက်ရှိအချိန်တွင် ဒိန်းမတ်အသင်းအတွက်ပါဝင်ကစားရာတွင် ပါဝင်ကစားသည့် ပွဲအရေအတွက်ထက် သွင်းဂိုးအရေအတွက်က ပိုမိုများနေသည်။

ယခုကဲ့သို့ ခြေစွမ်းပြလာပြီးနောက် ဟော့ချ်လန်းကို မန်ယူ အာဆင်နယ်အပါအဝင် ဥရောပအသင်းကြီးများက စိတ်ဝင်စားလာသည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် စတမ်းဂရက်ဇ်မှ ပြောင်းရွှေ့လာပြီးနောက် ဟော့ချ်လန်းသည် အီတလီကလပ် အတ်တလန်တာအတွက်လည်း ခြေစွမ်းပြနေနိုင်သည်။ အတ်တလန်တာအတွက် ၃၃ ပွဲကစားကာ ၁၄ ဂိုးသွင်းပေးထားနိုင်သည်။

အရပ် ၆ ပေ ၂ လက်မမြင့်ပြီး အသင်း၏ တိုက်စစ်မြှားဦးနေရာ၌ ကစားကာ တိုက်စစ်ကို တိုက်ရိုက်ကျကျ ကစားနိုင်သော ဟော့ချ်လန်းကို ဟာလန်းလက်သစ်အဖြစ် မီဒီယာအချို့ကို တင်စားခေါ်ဝေါ်လာကြသည်။

ဟော့ချ်လန်းက သူသည် မန်ယူအသင်း၏ပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသည်။ ပြိုင်ဘက်ခံစစ်ကို အမြန်နှုန်းဖြင့်လည်း ထိုးဖောက်နိုင်သော ဟော့ချ်လန်းသည် လာမည့်နွေရာသီတွင် အသင်းပြောင်းဖြစ်ဖွယ်ရှိကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

“ကျွန်တော်က မန်ယူအသင်းရဲ့ကြီးမားတဲ့ ပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ဒါကြောင်းအသင်းပြောင်းဖြစ်ရင် ကျွန်တော့်အတွက် ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အသင်းကြီးတွေက ကမ်းလှမ်းလာရင် ကျွန်တော်အနေနဲ့ငြင်းဖို့ မလွယ်ပါဘူး”ဟု ဟော့ချ်လန်းက ပြောဆိုလိုက်သည်။

ဟော့ချ်လန်းသည် အတ်တလန်တာသို့ ပြောင်းရွှေ့ရာတွင် ၅ နှစ်စာချုပ် ချုပ်ဆိုထားခြင်းကြောင့် ၎င်းကို ခေါ်ယူမည်ဆိုလျှင် မြင့်မားသည့် ပြောင်းရွှေ့ကြေးကို ပေးချေရဖွယ်ရှိနေသည်။ အတ်တလန်တာအသင်း နည်းပြချုပ်က ဟော့ချ်လန်းသည် ဟာလန်းနှင့် ကစားပုံဆင်တူသည့် တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ၎င်းတွင် ခွန်အား နည်းစနစ်နှင့် စိတ်ဓာတ်တို့က အားသာချက်များဖြစ်ကြောင်း အများကြီးတိုးတက်လာဦးမည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments