Monday, February 9, 2026
spot_img
spot_img

မန်စီးတီး နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်းသားတစ်ဦးကို ချီးကျူး ပြောဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ဒီတစ်ပတ် မန်ချက်စတာစီးတီး အသင်း နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကစားသမားသစ် ထရော့ဆက်ဒ် ကို ချီးကျူး ပြောဆို သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပထမဆုံး အကြိမ် တွေ့ဆုံမှု အဖြစ် ဒီတစ်ပတ် စနေနေ့မှာ မန်စီးတီး အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ငါးမှတ် အထိ ဖြတ်ထားပြီး ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ရယူဖို့ စိုင်းပြင်း နေကြပါတယ် ။

အာဆင်နယ် အသင်းသားတွေ နှင့် ပရိသတ်တွေဟာလည်း မန်ချက်စတာ ယူနိုက်တက်ကို ၃-၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ချန်ပီယံဆုကို အရယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပိုမို ပြင်းထန် လာခဲ့ကြပါတယ် ။ မန်ယူနိုက်တက် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ရဲ့ ကစားသမားသစ် ထရော့ဆက်ဒ် ဟာ လူစားဝင် ကစားခဲ့ပြီး အသင်းအပေါ် ချက်ချင်းအကျိုးပြု နိုင်ခဲ့ပါတယ် ။

အန်ကီးတီးယားရဲ့ အနိုင်ဂိုးဟာ ထရော့ဆက်ဒ် ရဲ့ ဘောလုံးလမ်းကြောင်း စတင်မှု ကနေ ရရှိ ခဲ့တာပါ ၊ နည်းပြ အာတီတာ ဟာ ဒီတစ်ပတ် မန်ချက်စတာစီးတီး အသင်း နဲ့ အက်ဖ်အေဖလား ပွဲမှာ ထရော့ဆက်ဒ် ကို ပွဲထွက် အသုံးပြု သွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။

နည်းပြ အာတီတာ က မန်ချက်စတာစီးတီး အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရော့ဆက်ဒ် နဲ့ ပတ်သက်ပြီး ” သူက လူစားဝင် ကစားပြီး သိပ်မကြာခင် အချိန်မှာပဲ အသင်း အနိုင်ရရှိဖို့ အတွက် ပံ့ပိုး ကူညီမှု လုပ်နိုင် ခဲ့ပါတယ် ၊ ဒါက ကျနော် သဘောကျတဲ့ အရာပါပဲ ၊ ကျနော် က အသင်းအတွက် တစ်ခုခု လုပ်ပြချင်တဲ့ ကစားသမားမျိုးဆို မျက်စိကျပါတယ် ။ ”

” နောက်ပီး သူက final third အတွင်းမှာလည်း အေးဆေး တည်ငြိမ်စွာ ကစားနိုင်သူပါ ၊ ကျနော်တို့ အသင်းမှာ သူ့လို အရည်အသွေး ရှိတဲ့ ကစားသမားမျိုး လိုအပ်နေခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဘရိုက်တန် အသင်း ရဲ့တောင်ပံ ကစားသမား ထရော့ဆက်ဒ် ကို ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း + အပိုဆုကြေး ပေါင် ၆ သန်း ၊ ၄ နှစ် စာချုပ် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ဇန်နဝါရီ အဓိက ပစ်မှတ် မူဒရစ် ကို ချဲလ်ဆီး အသင်း ထံ လက်လွှတ် ဆုံးရှုံး ရပြီးနောက် ထရော့ဆက်ဒ် ကို အရ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ထရော့ဆက်ဒ် ကို ကာလရှည်ကြာ စိတ်ဝင်စား နေခဲ့တဲ့ အသင်း ဖြစ်ပြီး ဘယ်ဂျီယံသားဟာ ဂန်းနား လက်ထောက် နည်းပြ စတူဗန်ဘတ် ရဲ့တပည့်ဟောင်းလည်း ဖြစ်ပါတယ် ။ အသက် ၂၈ နှစ် အရွယ် ထရော့ဆက်ဒ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၇ ဂိုး သွင်း ၊ ၂ ဂိုး ဖန်တီး ပေးထားသူ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments