Monday, February 9, 2026
spot_img
spot_img

မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်းပွဲမှ အာဆင်နယ် ကစားသမားများရဲ့rating များ

အာဆင်နယ် အသင်းဟာ ရာသီကြို ကွန်မြူနတီဒိုင်း ပွဲမှာ မန်ချက်စတာ စီးတီး အသင်းကို အနိုင်ယူပြီး ၁၇ ကြိမ်မြောက် အဖြစ် ကွန်မြူနတီဒိုင်း ချန်ပီယံဆုကြီးကို ကိုင်မြှောက် အောင်ပွဲ ခံ နိုင်ပါတယ် ။ သာမန် ပွဲ ကစားချိန် အတွင်း ၁-၁ သရေကျနေတာ​ကြောင့် ပင်နယ်တီ ကန်ခဲ့ရပြီး ပင်နယ်တီမှာ အာဆင်နယ် က ၄-၁ နဲ့ အနိုင် ရခဲ့တာပါ ။

မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်းပွဲမှ အာဆင်နယ် ကစားသမားများရဲ့rating ကို AFTV က သုံးသပ် ဖော်​ပြ ပေးထားတာကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ။ rating သတ်မှတ်ရာမှာ 1 က ညံ့ ၊ 2 က ပုံစံကောင်းမရ ၊ 3 က ကောင်း ၊ 4 က အတော်ကောင်း ၊ 5 က အကောင်းဆုံး အဖြစ် ရွေးချယ် သတ်မှတ်တာ ဖြစ်ပါတယ် ။

ရမ်စ်ဒေးလ် (၄) – ပင်နယ်တီ မဖမ်းတတ်သူလို့ ဝေဖန်ခံရပြီးမှ ပင်နယ်တီတွေ တောက်လျှောက် ဖမ်းပြ နေပြီး ဒီနေ့ပွဲမှာလည်း ဟီးရိုး ဖြစ်ခဲ့ပါတယ် ။ ပွဲချိန် အတွင်းမှာလည်း ရိုဒရီ ၊ ဖိုဒန် တို့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။

ဘန်ဝှိုက်(၄) – first touch တွေ တကယ်မိုက်ခဲ့ပြီး ဂရီးလစ်ရှ် တစ်ယောက် ဘာမှ လုပ်မရခဲ့ပါဘူး ၊ တိုက်စစ်ရော ခံစစ်ရော ကစားပုံ ကောင်းခဲ့ပါတယ် ။

ဆာလီဘာ(၅) – တကယ့်ကို ထူးခြား ကောင်းမွန်းလွန်းတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားပါပဲ ။

ဂါဘရီရယ်(၄) – ဂါဘရီရယ် နှင့် ဆလီဘာ တို့ နှစ်ဦး အတွဲညီပြီး ကောင်းချက်က ဟာလန်း ရဲ့ ဒီနေ့ xg 0.00 ဖြစ်သွားတဲ့ အထိပါပဲ ။

တင်ဘာ(၅) – အာဆင်နယ် ပရိသတ်တွေ ရဲ့ Player of the Match အဖြစ် ရွေးချယ် ခံရလောက်အောင် ဘောလုံး ကိုင်ကစားပုံ နှင့် ခံစစ် စွမ်းဆောင်ရည် အားလုံး ထိပ်တန်း ရှိခဲ့ပါတယ် ၊ ဒါတောင် သူ ကစားနေကြ နေရာ မဟုတ်တဲ့ ဘယ်နောက်ခံလူ နေရာမှာ ကစားခဲ့တာပါ ။

အော်ဒီဂတ်(၄) – မှော်ဆန်တဲ့ လှည့်ထွက်မှုတွေ ၊ ထိချက်တွေ နှင့် ဆာကာ ကို မျှောပေးတဲ့ ဘောလုံးတွေဟာ လှပ သေသပ်ပြီး စွဲမက်စရာ ကောင်းခဲ့ပါတယ် ။ ခေါင်းဆောင် ပီသတဲ့ စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့တယ် ဆိုရမှာပါ ။

ပါတေး(၄) – ဖိုဒန် ရဲ့လှည့်ထွက်မှုကိုသာ မခံခဲ့ရဘူးဆိုရင် ၅ ပေးလို့ ရတဲ့သူပါ ၊ ကွင်းလယ် တစ်ခုလုံးကို မောင်းနှင်ခဲ့ပြီး on the ball ရော off the ball မှာပါ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ။

ရိုက်စ်(၃) – ပြိုင်ဘက် နောက်ကနေ ပြေးလိုက်ပြီး ဘောလုံး ပြန်လည် ရယူသွားတဲ့ အခိုက်အတန့်ကို ခုထိ မျက်လုံးထဲက မထွက်သေးပါဘူး ၊ ပွဲချိန် အတွင်း ပုံစံကောင်း အချို့ ပြသ နိုင်ခဲ့ပြီး ဒီထက် ပိုကောင်းလာဖို့တော့ လိုအပ်နေပါသေးတယ် ။

ဆာကာ(၃) – ညာခြမ်းမှာ စီးတီး ခံစစ် ကို ကောင်းကောင်း အခက်တွေ့အောင် လုပ်နိုင် ခဲ့ပါတယ် ။

ဟာဗက်ဇ်(၃) – အသင်း တိုက်စစ် ကို ပထမဆုံး အကြိမ် ဦးဆောင်ခဲ့ပြီး ၊ အသင်း နဲ့ အတူ အတွဲဖက် မိမိ ကစား နိုင်ခဲ့ပါတယ် ။ အပိုင် အခွင့်အရေးတွေကိုသာ အသုံးချ နိုင်ခဲ့ရင် ဒီထက် ပိုမြင့်တဲ့ rating ပေးမှာပါ ။

မာတင်နယ်လီ(၃) – ဆာကာ နဲ့ တူတူပါပဲ ၊ ဒါပေမဲ့ သူ့ရဲ့ အကောင်းဆုံး ပုံစံ က ဘယ်လိုမျိုးလဲ ဆိုတာ သိထားတာကြောင့် ၃ ပဲ ပေးချင်ပါတယ် ၊ လုပ်အားနှုန်းကတော့ သွားရှုပ်လို့ မရပါဘူး ။

လူစားဝင် ကစားသမားများ – တီယာနေး(၂) ၊ ထရောဆက်ဒ်(၅) ၊ စမစ်ရို(၄) ၊ ဗီအဲရာ(၄) ၊ အန်ကီးတီးယား(၃) ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments