Wednesday, February 11, 2026
spot_img
spot_img

မန်စီးတီး ကို ဂိုးပြတ် ရှုံးနိမ့်ပီးနောက် နောက်ခံလူ ၃ ဦးလောက် ထပ်ခေါ်ဖို့ အကြံပေးခံလိုက်ရတဲ့ အာဆင်နယ်

ဂန်းနား နောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ် က အာဆင်နယ် အသင်းအနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု ရချင်ပါက အသင်း ခံစစ်ကို အကြီးအကျယ် အဆင့်မြင့် ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဆလီဘာ ၊ဂါဘရီရယ် အတွဲအဖက် နဲ့ အတူ တောက်လျှောက် အဆင်ပြေနေခဲ့ပေမယ့် ဆလီဘာ ဒဏ်ရာရသွားချိန်ကစပြီး ရလဒ်တွေ ဆက်တိုက် ဆိုးရွားကာ ချန်ပီယံ အိပ်မက် မှေးမှိန် သွားခဲ့ရပါတယ် ။ ဆလီဘာ ဒဏ်ရာ ရသွားချိန်မှာ ဝင်ကစားတဲ့ ဟိုးလ်ဒင်း ဟာ ဆလီဘာ လိုမျိုး ကစားနိုင်စွမ်း မရှိတာကြောင့်ဂန်းနားတို့ ပိုပြီး ရုန်းကန် နေရတာပါ ။

ဂါးလက်စ်ကတော့ လာမယ့် နွေရာသီမှာ နောက်ခံလူ ၃ ဦးလောက် အထိ အာဆင်နယ် အသင်း ထပ်မံ ခေါ်ယူသင့်တယ်လို့ Genting Casino မှာ ပြောကြား သွားခဲ့ပါတယ် ။ “လာမယ့် ရာသီကျရင် အာဆင်နယ် က ချန်ပီယံလိဂ် ကစားရမှာပါ ။ ဒီပြိုင်ပွဲက အားလုံး ပါဝင် ယှဉ်ပြိုင် ကစားချင်ကြတဲ့ ပြိုင်ပွဲပါ ၊ အာဆင်နယ် အနေနဲ့ ဝါရင့် နောက်ခံလူတစ်ဦးလောက် ထပ်ခေါ်သင့်တယ်လို့ ထင်ပါတယ် ။ ”

” အာတီတာ ကလည်း အသင်းအတွင်းမှာ ကစားသမားတွေ ပွဲထွက်ခွင့် အတွက် ယှဉ်ပြိုင်တာကို မြင်ချင်မှာပါပဲ ၊ ဂါဘရီရယ် နှင့် ဆလီဘာ တို့ နှစ်ဦးကို ဖိအား ပေးဖို့ နှင့် ကူညီပေးဖို့ပေါ့ ၊ သူတို့ နှစ်ဦးက ငယ်ရွယ်ကြတဲ့ ကစားမားတွေပါ ၊ သူတို့ နှစ်ဦးစလုံး အခုထက် ပိုမို တိုးတက် နိုင်ပါသေးတယ် ။ ”

” ခင်ဗျားတို့လည်း အာတီတ တစ်ယောက် ချန်ပီယံလိဂ် နှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ ဟန်ချက်ညီညီ နဲ့ လူစာရင်း အပြောင်းအလဲ လုပ်နိုင်တာမျိုးကို မြင်ချင်ကြမှာပါ ။ ဘယ်နောက်ခံလူ နေရာမှာလည်း တီယာနေးက ဘယ်လို အခြေအနေ ဆက်ရှိမလဲ ကျနော် မသိပါဘူး ၊ ဒါပေမယ့် သူသာ ထွက်ခွာသွားရင် ဇင်ချန်ကို နဲ့ ယှဉ်ပြိုင်ဖို့ ဘယ်နောက်ခံလူ တစ်ဦး ထပ်ခေါ်ရပါမယ် ။ ”

” ဇင်ချန်ကို ကို ဖိအားပေးနိုင်မယ့်သူမျိုး ခေါ်ရမှာပါ ၊ ဇင်ချိန်ကို က သိပ်ကောင်းတဲ့ နောက်ခံလူ စစ်စစ်တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ ဘောလုံးနဲ့ ဘာတွေ လုပ်နိုင်စွမ်း ရှိသလဲ ဆိုတာ ကျနော်တို့ အားလုံး သိပါတယ် ၊ ဒါ့အပြင် အာဆင်နယ် က ထိပ်တန်း အဆင့် ရှိတဲ့ ညာနောက်ခံလူ တစ်ဦးလည်း လိုပါတယ် ။ ”

” ဒီရာသီမှာ ဘန်ဝှိုက် က ညာနောက်ခံလူနေရာမှာ ကစားပြီး အသင်းငယ်တွေနဲ့ တွေ့တဲ့ ပွဲမှာတော့ အလုပ် ဖြစ်ခဲ့ပါတယ် ။ ပိုကောင်းတဲ့ အသင်းတွေနဲ့ ကစားရတဲ့ အခါမှာတော့ သူ တိုက်စစ် ကို လိုက်ပါဖို့ ရုန်းကန် ရတော့တာပါပဲ ၊ ခံစစ်မှာလည်း အမှားတွေ ပိုလုပ်မိလာပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments