Thursday, January 22, 2026
spot_img
spot_img

မန်စီးတီး၏ အောင်မြင်မှုများကို မည်သူကမှ ရုပ်သိမ်း၍ မရကြောင်း ဂွာဒီယိုလာထုတ်ပြော

ယနေ့ည အီတီဟက်တွင် ဗီလာအသင်းနှင့်ကစားရမည့်ပွဲတွင် ပရိသတ်များ၏ သောင်းသောင်းဖျဖျ အားပေးမှုကို  ရရှိရန် မန်စီးတီးအသင်းမန်နေဂျာဂွာဒီယိုလာက မျှော်လင့်ထားပြီး ပရီးမီးယားလိဂ်သည် မန်စီးတီး၏ အောင်မြင်မှုဆုဖလားများကို မည်သည့်အခါတွင်မျှ ပြန်ယူ၍ရမည်မဟုတ်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၀၉ မှ ၂၀၁၈ ကြားတွင် ငွေကြေးဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်သည်ဟု ပရီးမီးယားလိဂ် အဖွဲ့ချုပ်က မန်စီးတီးကို စွဲချက်တင်ခဲ့ပြီးနောက် ယနေ့ည ကစားမည့်ပွဲသည် ပထမဆုံး ကစားသည့်ပွဲဖြစ်သည်။ မန်စီးတီးသည် ထိုစွဲချက်တင်မှုတွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း ခံရပါက ဂွာဒီယိုလာလက်အောက်တွင် ရရှိသည့်အမှတ်ပေးချန်ပီယံဆု ၄ ကြိမ်အပါအဝင် စုစုပေါင်း ပရီးမီးယားလိဂ် ဆုဖလား ၆ လုံးကို ပြန်သိမ်းခံရဖွယ်ရှိနေသည်။

ထိုသို့ အပြစ်ပေးအရေးယူမှုသည် အဓိပ္ပာယ်မရှိကြောင်း ဥပဒေကို ဖန်တီးသူများသည် မန်စီးတီး၏ အောင်မြင်မှုများကို မည်သို့မျှ ပြန်ရုပ်သိမ်း၍ ရမည်မဟုတ်ကြောင်းပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments