Thursday, January 22, 2026
spot_img
spot_img

မန်စီးတီးအသင်းက စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေသော်လည်း လာမည့် ၂၀၂၄-၂၅ ရာသီကုန်တွင် အသင်းမှထွက်ခွာရန် ဂွါဒီယိုလာ စီစဉ်ထားကြောင်း Daily Mail ဖော်ပြ

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေသော်လည်း ဂွါဒီယိုလာသည် လာမည့် ၂၀၂၄-၂၅ ရာသီကုန်၌ အသင်းမှထွက်ခွာရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြခဲ့သည်။    

ဂွါဒီယိုလာ(၅၃ နှစ်)သည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၈)နှစ်တာကာလအတွင်း၌ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်၊ FA ဖလား (၂)ကြိမ်၊ လိဂ်ဖလား (၄)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်၊ ဥရောပစူပါ ဖလား(၁)ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား(၁)ကြိမ် ရယူပေးနိုင်ခဲ့သည်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက် ရယူပေးနိုင်ခဲ့ခြင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းကြောင့် လာမည့် ၂၀၂၄-၂၅ ရာသီအကုန်တွင် ၎င်း၏ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးထားသည့် ဂွါဒီယိုလာကို မန်စီးတီးအသင်းတာဝန်ရှိသူများက နှစ်ရှည်သက်တမ်းတိုးစာချုပ ်ချုပ်ဆို၍ အသင်းတွင် ထိန်းသိမ်းထားရန် ဆန္ဒရှိနေသော်လည်း ဂွါဒီယိုလာကမူ သက်တမ်းတိုးလိုခြင်းမရှိတော့ဘဲ လာမည့်ရာသီကုန်၌ လမ်းခွဲရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက် ရရှိခဲ့ပြီး နောက် အနာဂတ်အတွက် မေးမြန်းမှုကို ဂွါဒီယိုလာက “တကယ့်အမှန်တရားကတော့ ဆက်ရှိနေဖို့ထက် လမ်းခွဲဖို့က ပိုနီးစပ်ပါတယ်။ ကျွန်တော့်ခံစားချက်ကတော့ အခုအသင်းမှာ ဆက်နေချင်ပါတယ်။ လာမယ့်ရာသီမှာ ဆက်ရှိသွားမှာပါ။ ပြီးတော့ အဲဒီရာသီအတွင်းမှာ ဆွေးနွေးသွားမှာပါ။ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။  

ဂွါဒီယိုလာ၏ ယခုကဲ့သို့ ပြောကြားမှုကြောင့် မန်စီးတီးအသင်းသည် ၎င်း၏နေရာ အစားထိုးရန် နည်းပြသစ်ကို ရှာဖွေနေပြီဖြစ်ကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ City Football Group လက်အောက်တွင်ရှိသော လာလီဂါ ကလပ် ဂျီရိုနာအသင်း၏နည်းပြ မီချယ်လ်နှင့် လေဗာကူဆင် နည်းပြ ရှာဘီအလွန်ဆိုတို့ကို အဓိကပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဂွါဒီယိုလာက မန်စီးတီးနှင့် လမ်းခွဲပြီးလျှင် လက်ရွေးစင်အသင်းတစ်သင်းနှင့်အတူ ကမ္ဘာ့ဖလား သို့မဟုတ် ယူရို ချန်ပီယံဆု ရယူလိုသည်ဟု ပြောကြားခဲ့ဖူးသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments