Monday, February 9, 2026
spot_img
spot_img

မန်စီးတီးအသင်းကို အနိုင်ကစားခဲ့ခြင်းသည် အာဆင်နယ်အသင်း၏ ချန်ပီယံမျှော်လင့်ချက်အတွက် ပိုမိုအားကောင်းလာစေသည်ဟု အလန်ရှီးယားသုံးသပ်

မန်စီးတီးအသင်းကို အနိုင်ကစားခဲ့ခြင်းသည် အာဆင်နယ်အသင်း၏ အမှတ်ပေးချန်ပီယံ မျှော်လင့်ချက်အတွက် ပိုမိုအားကောင်းလာစေကြောင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်းနှင့် လက်ရှိ ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အလန်ရှီးယားက BBC တွင် ရေးသားခဲ့သည်။

အလန်ရှီးယား၏ သုံးသပ်မှုတွင် ထိပ်ဆုံး (၄) သင်းကြား အမှတ်ကွာဟမှု (၃) မှတ်သာ ရှိသေးသည့်အပြင် ရာသီစတင်ချိန်သာ ရှိသေးသည့်အတွက်  ချန်ပီယံပြေးလမ်းအတွက် ဘာမှပြောလို့ မရသေးကြောင်း၊ သို့ရာတွင် စပါးအသင်းသည် ဥရောပပြိုင်ပွဲမရှိသည့် အားသာချက်ကြောင့် ထိပ်ဆုံး (၄)သင်းအတွင်း ဝင်ရောက်နိုင်ကြောင်း၊ ရာသီကုန်တွင် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့က အဓိကပြိုင်ဘက်များ ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အတူ အာဆင်နယ်အသင်းနှင့် အသင်းနည်းပြ အာတီတာတို့သည် မန်စီးတီးအသင်းကို အနိုင်ကစားနိုင်ခဲ့ခြင်းကြောင့် ရာသီကုန်တွင် မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေးချန်ပီယံဆုဖလားအား ဆွတ်ခူးရန်အတွက် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကို ပေးနိုင်ကြောင်းလည်း  သုံးသပ်ခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments