Monday, September 29, 2025
spot_img
spot_img

မန်စီးတီးနဲ့ ရှုံးပွဲမှ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝန်ခံစကားအချို့ ပြောလိုက်တဲ့ အန်သိုနီ မာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ် က မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို 6 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဥ် အပြီးမှာ အသင််းဖော် ကစားသမားတွေဟာ တကယ့်ကို စိတ်ပျက်လက်ပျက်် ဖြစ်နေခဲ့ကြတယ်လို့ ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပွဲချိန် ပထမပိုင်း ကတည်းက အားလင်း ဟာလန်း ၊ ဖီးလ် ဖိုဒန် တို့ရဲ့ သွင်းဂိုး နှစ်ဂိုးစီကြောင့် 4 – 0 ဆိုတဲ့ ရလဒ််နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း သူတို့ကပဲ တစ်ဂိုးစီ သွင်းယူရင်း 2 ဦးလုံး ဟတ်ထရစ် ရခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကတော့ အန်တိုနီ နဲ့ မာရှယ် (2 ဂိုး) တို့က ဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပွဲစဥ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 6 – 3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ပွဲပြီးဖို့ 17 မိနစ်အလိုမှာ မန်စီးတီး ပရိသတ်တွေက ” ငါတို့ 10 ဂိုး ရချင်တယ် ” ဆိုပြီး အော်ဟစ်် လှောင်ပြောင်ခဲ့ကြပါသေးတယ် ။ အခုတော့ အန်သိုနီ မာရှယ်က ဂိုးသွင်းပြီး ရှုံးပွဲကြုံတွေ့တာထက် ဂိုးမသွင််းပဲ နိုင်တာကို ပိုပြီး လိုလားကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သေချာတာပေါ့ဗျာ ၊ ကျွန်တော် ဂိုးမသွင်းရင် နေပါစေ ၊ ဒီလိုပွဲမျိုး နိုင်ပွဲရတာမျိုးပဲ လိုချင်မိခဲ့တာပေါ့ ။ အခုလို မြက်ခင်းပြင်ထဲ ပြန်လည် ဝင်ရောက်ခွင့်ရပြီး ဂိုးတွေ သွင််းယူနိုင်ခဲ့တဲ့ ခံစားချက်က တကယ့်ကို ကောင်းမွန်လှပါတယ် ”

” ကျွန်တော်တို့ အမှန်တကယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ် ။ သူတို့က တကယ့်ကို စွမ်းဆောင်ရည်တွေ ကောင်းမွန်တဲ့ ကစားသမားတွေပါပဲ ။ ဒီပွဲက ရှုပ်ထွေးလှပါတယ် ။ ကျွန်တော်တို့ဟာ နောက်ပွဲမှာ ​အကောင်းဆုံး ပြန််လာနိုင်ဖို့ လုပ်နိုင်တာတွေ အကုန်လုံး လုပ်ဆောင်သွားကြမှာပါ ” လို့ မာရှယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

အန်သိုနီ မာရှယ်ဟာ လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ကြိုက်နှစ်သက်တဲ့ တိုက်စစ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒဏ်ရာပြသနာတွေ ကြုံတွေ့နေခဲ့ရတဲ့ အတွက် ဒီရာသီ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အသင်းအတွက်် နှစ်ပွဲသာ ကစားပေးရပါသေးတယ် ။

အဆိုပါ ပွဲစဥ် နှစ်ပွဲမှာတော့ သူဟာ ကိုယ်တိုင် 2 ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက် တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ယူနိုက်တက်တို့ဟာ ကြားရက်မှာ ဆိုက်ပရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီယာ အသင်းနဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိနေပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments