Tuesday, January 13, 2026
spot_img
spot_img

မန်စီးတီးနဲ့ ပွဲမှ ချဲလ်ဆီး စတား တဦး အပေါ် သနားမိကြောင်း ဖွင့်ဟလာတဲ့ ဂျေမီ ရက်ဒ်နပ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံ မန်စီးတီး အသင်းရဲ့ အရန် အသင်းကို မယှဉ်နိုင်ခဲ့ပဲ မပြတ်သားတဲ့ ၁ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ချဲလ်ဆီး အတွက် ဆိုးရွားလွန်းလှတဲ့ ယခုနှစ် ရာသီဟာ ဘုန်းမောက်ကို ၁ – ၃ နဲ့ အနိုင်ရခဲ့ကတည်းက ပြီးဆုံးသွားခဲ့ပြီလို့ ယေဘူယျ သတ်မှတ်ရပါမယ် ။

ဒီအတွက်ကြောင့် လက်ကျန်ပွဲတွေဟာ ချဲလ်ဆီး အသင်းသားတွေ အတွက် နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို မရောက်သေးခင် အကြိုပြင်ဆင်မှု ဖြစ်တဲ့ သဘောကလွဲပြီး ၊ ဘာအဓိပ္ပာယ်မှ မရှိနေပါဘူး ။ မနေ့ညကပွဲဟာလည်း ထိုနည်းတူ ဖြစ်ခဲ့ပြီး ၊ ချဲလ်ဆီး စတား အများစုဟာ ထွေထွေထူးထူး ကြိုးစားအားထုတ်တာမျိုး မရှိခဲ့ပါဘူး ။

ထိုပွဲရဲ့ ပထမပိုင်း အပြီး လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်က ရောက်ကတည်းက ချဲလ်ဆီး အတွက် ပွဲတိုင်း ကစားပေးထားကာ ၊ အသင်းက မျှော်မှန်းထားသလို ဖြစ်မလာတဲ့ အပေါ် အားမလိုအားမရ ဖြစ်နေတဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဖွင့်ဟလာပါတယ် ။

ရက်ဒ်နပ် က ” ဒီပွဲဟာ ကစားသမား တယောက်ယောက်ကို နောက်ဆုံး နှုတ်ဆက်နေတဲ့ပွဲနဲ့ အလားသဏ္ဍာန် တူနေပါတယ် ။ မန်စီးတီး ကစားသမားတွေဟာ ဒီပွဲမှာ ဘာဒဏ်ရာမှ ထပ်မရချင်ကြသလို ၊ ချဲလ်ဆီးကလည်း ဒီနှစ် ဘောလုံးရာသီကို ခပ်မြန်မြန်ပဲ ကျော်ဖြတ် ပြီးဆုံးချင်နေပါတယ် ။ ”

” အဲလောက်ထိကို ချဲလ်ဆီး အတွက် အခြေအနေ ဆိုးနေတာပါ ။ အန်ဇို ဖာနန်ဒက်ဇ်ကို ကြည့်ရတာ အနည်းငယ် လမ်းပျောက်နေသလိုပါပဲ ။ သူ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဘုန်းမောက်ကို နိုင်ခဲ့တဲ့ပွဲဟာ ချဲလ်ဆီး အတွက် တန်းမဆင်းဖို့ သေချာစေခဲ့တာ မှန်ပေမယ့် ၊ ကစားသမား အများစု အတွက် ယခုနှစ် ရာသီ ပြီးဆုံးစေခဲ့တဲ့ပွဲက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ရီးရဲလ်မက်ဒရစ်ကို ထပ်ရှုံးကာ ချန်ပီယံလိဂ် ကွာတားအဆင့်က လှည့်ပြန်ခဲ့ရတဲ့ အခိုက်အတန့် ဖြစ်ပါတယ် ။ အန်ဇိုဟာလည်း ထိုပွဲနောက်ပိုင်း ခြေစွမ်းက အရမ်းအကောင်းကြီး မဟုတ်ခဲ့ပါဘူး ။

အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း ဝက်စ်လေ ရှနိုက်ဒါဟာ ယင်းကမ္ဘာ့ဖလားချန်ပီယံ ကွင်းလယ်လူရဲ့ စိတ်ဓာတ်ခံယူချက် အပေါ် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲအပြီး အခုလို ဝေဖန်ခဲ့ဖူးပါတယ် ။

ရှနိုက်ဒါ က ” ခင်ဗျားဟာ ကစားသမား တယောက်ကို ယူရိုသန်း ၁၀၀ ပေးပြီး ဝယ်ထားရင် ၊ ခင်ဗျားဟာ သူ့ဆီကနေ အနည်းဆုံးတော့ အဆုတ် အမောဆို့အောင် ပြေးလွှား ကစားပေးနိုင်လိမ့်မယ်လို့တော့ ခင်ဗျား မျှော်မှန်းနိုင်မယ် မဟုတ်လား ? ဒါပေမယ့် သူ လမ်းလျှောက်နေခဲ့ပါတယ် ။ ”

” သူ့ခြေထဲက ဘောလုံးတောင် သူ မထိန်းနိုင်တော့ပါဘူး ။ အဲဒီနောက် သူ တယောက်တည်း ညည်းတွားနေခဲ့ပါတယ် ။ ခင်ဗျား ယူရိုသန်း ၁၀၀တန် အန်ဇိုကို ကြည့်တဲ့အခါ ဂေါ်လဂါကတောင် သူ့ကို ကျော်သွားတာကို တွေ့ရပါလိမ့်မယ် ။ ဒါမျိုး လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး ။ ထုတ်ပြောရပါမယ် ။ ”

” ခင်ဗျား ဒီချာတိတ်ကို ကြည့်ပြီး စဉ်းစားမိတဲ့အခါ ၊ ဒီကောင်လေးက အသင်းရဲ့ ဘယ်အစိတ်အပိုင်းကိုများ အပိုင်စီးရထားလို့လဲ ? သူ ဘာတခုမှ မပိုင်ပါဘူး ။ ကျွန်တော်သာဆို သူ့ကို နောက်နေ့ ဖုန်းဆက် ကြိမ်းပါပြီ ။ နောက်ပြီး သူဟာ ကြီးကျယ်တဲ့ ဘောလုံးသမား တယောက်တောင် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ခင်ဗျားတို့က သူဟာ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီကို ကူညီပေးခဲ့တယ်လို့ ပြောကြပါတယ် ။ ဒီတော့ သူဟာ ချဲလ်ဆီးကိုလည်း အဲဒီအတိုင်း ကူပေးမယ်လို့ ကျွန်တော် ထင်ခဲ့တာပေါ့ ။ ဒါပေမယ့် သူ မလုပ်ပေးထားနိုင်ပါဘူး ။ ဘောလုံးမှာ အရာ တချို့က ခင်ဗျား ထင်ထားသလို ဖြစ်မလာရင် ၊ တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ရင် အနည်းဆုံးတော့ ဂိုးမပေးရအောင် ခင်ဗျား ကူညီပေးနိုင်ရပါမယ် ။ ”

” ခင်ဗျားရဲ့ အဆုတ်တွေ အမောဆို့သွားအောင် အထိကို ပြေးလွှား ကစားပေးနိုင်ရပါမယ် ။ ဒါပေမယ့် သူ အဲလို လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ။ တော့ဒ်ဘိုလီ အဝတ်လဲခန်းအထိ ကစားသမားတွေကို စကားသွားပြောတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ပိုင်ရှင် တယောက် အနေနဲ့ ခင်ဗျားဟာ ဒီလောက်ထိ ငွေကြေးကုန်ကျခံထားပြီး ဘာမှဖြစ်မလာတော့ ဒေါသထွက်ရပါပြီ ။ ”

” ဒီတော့ ကိုယ်တိုင် ဆူပူကြိမ်းမောင်းတဲ့အထိ ဖြစ်လာရပါတယ် ။ ခင်ဗျားသာ အသင်းပိုင်ရှင် တဦး ဖြစ်ပြီး ဂေါ်လဂါက ခင်ဗျားရဲ့ သန်း ၁၀၀တန် ကစားသမားကိုတောင် ကျော်တက်ပြေး ၊ စိတ်လိုက်မာန်ပါ ကစားနေပြီဆိုရင် သူ့အပေါ် ခင်ဗျားလည်း ဒေါသထွက်မိမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments