Thursday, January 15, 2026
spot_img
spot_img

မန်စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ အာမက်ကိုချီးကျူးပြောဆိုမှုတွေပြုလုပ်လာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က တနင်္ဂနွေ့နေညက မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် နိုင်ပွဲရဲ့ အဓိကအကျဆုံးကစားသမားဖြစ်ခဲ့တဲ့ အသင်းဖော်အာမက်ဒီယာလိုကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ မန်စီးတီးဟာ ပထမပိုင်းမှာရရှိခဲ့တဲ့ ဂျီဗာဒီအောရဲ့သွင်းဂိုးနဲ့ အိမ်ကွင်းမှာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ယူနိုက်တက်က ဒုတိယပိုင်း ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီသွင်းဂိုး၊ အာမက်ရဲ့ပွဲသိမ်းအနိုင်ဂိုးတွေနဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့နိုင်ပွဲအတွက် အဓိကအကျဆုံးဖြစ်ခဲ့တဲ့ ကစားသမားကတော့ တောင်ပံကစားသမားလေး ဒီယာလိုဖြစ်ပြီး အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဖာနန်ဒက်စ်အတွက် ပင်နယ်တီပြစ်ဒဏ်ဘောရှာဖွေပေးနိုင်ခဲ့ရုံမက အနိုင်ဂိုးကိုလည်း မန်စီးတီးဂိုးသမား အီဒါဆန်ကို လှလှပပကျော်ဖြတ်ကာ ချိန်သားကိုက် အဆုံးသတ်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနိုင်ပွဲဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အနေနဲ့ အီတီဟတ်မှာ မန်စီးတီးကို ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရခဲ့တာဖြစ်သလို၊ နည်းပြရူဘင်အာမိုရင်အတွက်လည်း မတူညီတဲ့အသင်း ၂ သင်းနဲ့ ပက်ဂွါဒီယိုလာကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာမက်အတွက်လည်း ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး ၄ ဂိုးအထိရရှိခဲ့ပြီး မန်ချက်စတာဒါဘီမှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

2-1 Manchester derby win over City

ပွဲအပြီးမှာ ဖာနန်ဒက်စ်က “အာမက်က အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနေပါတယ်။ အရင်ကတည်းက အခုလို ခြေစွမ်းကောင်းရှိခဲ့တာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့အခြေအနေမျိုးကိုလည်း သူ့ဆီကနေ မြင်တွေ့ရဖို့ရှိနေပါသေးတယ်။ ဒီနေ့ပွဲမှာလည်း သူက ဘယ်တော့မှအရှုံးမပေးဘူးဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါကြောင့်ပဲ သူပင်နယ်တီတစ်လုံးဖန်တီးနိုင်ခဲ့သလို၊ ဂိုးလည်းသွင်းနိုင်ခဲ့တာပါ။ အရမ်းတော်ပါတယ်။ အခုချိန်မှာ သူက ရပ်တန့်လို့မရတဲ့ကစားသမားဖြစ်နေပါပြီ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲစုံ ၃ ပွဲဆက်နိုင်ပွဲကို ဆက်လက်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments