Thursday, January 15, 2026
spot_img
spot_img

မန်စီးတီးနည်းပြ ဂွါဒီယိုလာ သဘောမကျသဖြင့် ဇန်နဝါရီအငှားဖြင့် ပြောင်းရွှေ့ခံရပြီးနောက် ဘိုင်ယန်မြူးနစ်က ပေါင် ၆၂ သန်းတန် အမြဲတမ်းအပြောင်းအရွှေ့ကို အစပျိုးမည့်ပုံမရှိသဖြင့် ဂျိုအာချင်ကန်စလို ၏ အနာဂတ်အတွက် မန်စီးတီးခေါင်းခဲနေ

ပေါ်တူဂီဘောလုံးသမား ဂျိုအာချင်ကန်စလိုသည် မန်စီးတီးအသင်းထံမှ ရာသီကုန်အထိ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခံထားရပါသည်။ သိုသော်လည်း ဘိုင်ယန်မြူးနစ်အသင်းသည် ယခုအခါ ထိုခေါ်ယူမှုအား အမြဲတမ်းမဖြစ်စေရန် စီစဥ်နေကြောင်း သိရပါသည်။
ကန်စလို သည် ဇန်နဝါရီတွင် ဘိုင်ယန်သို ပြောင်းရွှေ့လာချိန်မှစ၍ ခြောက်ပွဲသာ ကစားနိုင်ခဲ့ပါသည်။

ဘိုင်ယန်မြူးနစ်အနေဖြင့် ဂျိုအာချင်ကန်ဆယ်လိုကို အမြဲတမ်း ခေါ်ယူမည့်ပုံမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ မန်စီးတီးအသင်းသည် လာမည့်နွေရာသီအတွက် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်နေရပါသည်။ ကန်စလို ကို အသင်းတွင် သဘောမကျတော့သဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ဇန်န၀ါရီလတွင် ဘိုင်ယန်မြူးနစ်သို အငှားချခွင့်ပြုခဲ့ပါသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အတွက် လာမည့်အပတ် Etihad ကွင်း (မန်စီးတီးအိမ်ကွင်း) ကို ပြန်လာမည့် ကန်စလို ကို ယူရိုသန်း ၇၀ (ပေါင် ၆၂ သန်း) ဖြင့် ဝယ်ယူရန် ရွေးချယ်ခွင့်ရှိပါသည်။ သိုသော်လည်း အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘိုင်ယန်တွင် သူ့အတွက် ထိုမျှသုံးစွဲလိုစိတ်မရှိပါပေ။ ယင်းသည် မန်စီးတီးနှင့်စာချုပ်သက်တမ်းလေးနှစ်ကျန်သေးသည့် အသက် ၂၈ နှစ်ရှိ ကစားသမား၏ အနာဂတ်အတွက် မန်စီးတီးအနေဖြင့် ခေါင်းခဲစရာဖြစ်သွားဖွယ်ရှိပါသည်။

သိုသော် ပေါ်တူဂီသားက မန်စီးတီး ကို ပြန်သွားနိုင်ပါသည်။ လူသိရှင်ကြားအားဖြင့် ဂွာဒီယိုလာသည် အငှားပြီးဆုံးချိန်တွင် ကန်စလို ပြန်လာခြင်းကို လက်ခံမည်ဖြစ်သော်လည်း လာမည့်လများအတွင်း စျေးကွက်တစ်ခု (သို) အခြားအငှားတစ်ခု သိုမဟုတ် အမြဲတမ်းထွက်ပေါက်ရှိမရှိကို မန်စီးတီးက စောင့်ကြည့်မည်ဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် အရောင်းအဝယ်သဘောတူညီချက်၏ စည်းကမ်းချက်များကို ပြန်လည်ညှိနှိင်းရန် ကြိုးပမ်းနိုင်သော်လည်း ကန်ဆယ်လို၏ သဘောထားကို သီတင်းပတ်ကုန်တွင် ဂျာမနီတွင် ပြန်လည်ဆွေးနွေးရန် စီစဥ်ထားကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments