အင်တာမီလန်တွင် ခြေစွမ်းပြနေသော ဘာစတိုနီကို မန်စီးတီးအသင်းက စိတ်ဝင်စားနေသည်။ အသက် ၂၄ နှစ်အရွယ်ရှိ ခံစစ်အတွင်းလူ ဘာစတိုနီသည် အင်တာမီလန်နှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးရန်ဆွေးနွေးမှုမှာလည်း တိုးတက်မှုမရှိဖြစ်နေသည်။
မန်စီးတီးသည် ခံစစ်အတွင်းလူနေရာကို အားဖြည့်ရန်လိုအပ်သည်ဟု ဂွာဒီယိုလာက ယူဆနေပြီး အီတလီခံစစ်မှူးကို လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ ဘာစတိုနီကို စာချုပ်သက်တမ်း မတိုးနိုင်ပါက အင်တာမီလန်က ၎င်းကို ရောင်းထုတ်လိုနေသည်။

ဘာစတိုနီကို မန်စီးတီးအပြင် မြို့ခံပြိုင်ဘက်မန်ယူကလည်း စိတ်ဝင်စားနေသည်။ မန်စီးတီးက ဘာစတိုနီကို လာပေါ်တေနေရာတွင် အစားထိုးရန်အတွက်ခေါ်ယူလိုခြင်းဖြစ်သည်။ လာပေါ်တေသည် မန်စီးတီးကို စွန့်ခွာဖွယ်ရှိသည်ဟုလည်း သတင်းထွက်နေသည်။
ဘာစတိုနီသည် အင်တာမီလန်နှင့်စာချုပ်သက်တမ်းတိုးရန်နီးစပ်မှုမရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုသည်။ ဘာစတိုနီသည် ဂွာဒီယိုလာအကြိုက်ဘောလုံးကို ကိုင်ကစားနိုင်သော ခံစစ်မှူးတစ်ဦးဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။







