Tuesday, January 13, 2026
spot_img
spot_img

မန်စီးတီးကြယ်ပွင့်တွေအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်တဲ့ ဂွါဒီယိုလာ

ပရီးမီးယားလိဂ်ချန်ပီယံတွေကို အသင်းရဲ့ပုံစံကောင်းကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် ထောက်ခံမှုပြုထားတာကြောင့် ဂွါဒီယိုလာဟာ သူ့ရဲ့လွဲချော်နေတဲ့ မန်စီးတီးစူပါစတားတွေအပေါ် မယုံနိုင်လောက်အောင်ယုံကြည်မှုရှိနေပါတယ်။
မန်စီးတီးဟာ စနေနေ့က အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်ရရှိခဲ့ပါတယ်။

သူတို့အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဂွါဒီယိုလာလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးဟာ ပရီးမီးယားလိဂ်အဝေးကွင်း ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ပယ်လီဂရီနီလက်အောက်တွင် ၆ ပွဲဆက်တိုက် အနိုင်ရခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ပတ်အစောပိုင်းက ဗဟိုနောက်ခံလူ ရူဘင်ဒီယာစ် ဒဏ်ရာရသွားချိန်မှာ ထိုးနှက်ချက်ဖြစ်သွားတဲ့ ဂွါဒီယိုလာဟာ အောင်မြင်မှုများစွာရရှိထားတဲ့ အသင်းအပေါ် ယုံကြည်မှု မဆုံးရှုံးခဲ့ပါဘူး။ BBC Sport တွင် “ဒါက ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်။ ဖြေရှင်းချက်ကတော့ ကစားသမားတွေ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ပါပဲ”

Manchester City remains confident in the stars

“ကျွန်တော်တို့မှာ ဗဟိုခံစစ်ကစားသမားတစ်ယောက်ပဲရှိပါတယ် ဒါက ခက်ခဲပါတယ်”
“ကျွန်တော်တို့ နောက်ထပ်အခွင့်အရေးတစ်ခုအတွက် ကြိုးစားသွားမှာပါ ဒီထက်အများကြီးပိုမစဉ်းစားထားပါဘူး”
“မပေးသင့်တဲ့ ဂိုးတွေ ပေးခဲ့ရသလို ရသင့်တဲ့ ဂိုးတွေလည်း မရရှိခဲ့ပါဘူး။ ဘောလုံးဆိုတာ အကြောင်းပြချက်တစ်ခုတည်း မဟုတ်ဘူး။ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်”

“ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဗီလာပါ့ခ်ကို လာကစားတော့ ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အကောင်းမြင်စိတ်နဲ့ တွေးရမှာဖြစ်သလို အသင်းသားတွေအပေါ် မယုံနိုင်လောက်အောင် ယုံကြည်ချက်ရှိပါတယ်”

“တချို့က မယုံနိုင်လောက်အောင် ဂုဏ်ယူဝံ့ကြွားပြီး အဲဒါကို လုပ်ချင်စိတ်တွေ ရှိပါတယ်။ ကျွန်တော်တို့က နည်းလမ်းရှာရမယ် အကောင်းဆုံးလုပ်ရမှာဖြစ်ပါတယ်” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ နောက်ဆုံးရှုံးပွဲကြောင့် မန်စီးတိးဟာ အဆင့် ၆ သို့ ရောက်သွားပြီး ၂ ပွဲ ကစားရန်ကျန်ရှိနေတဲ့ ဇယားထိပ်က လီဗာပူးနှင့် ၉ မှတ်ကွာဟနေပြီလည်း ဖြစ်ပါတယ်။

ဒီလိုဆိုးရွားတဲ့ ရလဒ်ဖြင့် ပြိုင်ပွဲစုံ ၉ ပွဲရှုံးနိမ့်ခြင်း မတိုင်မီ ၁၁၂ ပွဲကစားထားရာတွင် ၂၀၁၉-၂၀ ရာသီ တွင် ၁၂ ပွဲ နှင့် ၂၀၁၆-၁၇ ရာသီတွင် ၁၀ ပွဲ သာ ဂွါဒီယိုလာက အများဆုံး ရှုံးနိမ့်ထားတာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments