Monday, October 20, 2025
spot_img
spot_img

မန်စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လီဗာပူးတို့ ဘာလုပ်သွားရမလဲဆိုတော့ ပြောပြလိုက်တဲ့ အလက်ဇန်းဒါးအာနိုး

ထရန် အလက်ဇန်းဒါးအာနိုးက ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းတည်ငြိမ်မှု ရရှိရန် ရုန်းကန်ခဲ့ရတဲ့ လီဗာပူးအနေနဲ့ လာမည့်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် ပြီးပြည့်စုံလုနီးပါး စွမ်းဆောင်ရည်ကို ပြသသွားရန် လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ကလော့ရဲ့ အသင်းဟာ အဓိက ဆုဖလားတွေ ပြန်လည် စိန်ခေါ်နိုင်ဖို့ အတွက် ဒီနွေရာသီမှာ မက်အလစ္စတာ နဲ့ ဆိုဘော့ဇ်လိုင်း တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အပြင် အခြား အားဖြည့်မှုတွေလည်း ထပ်လုပ်သွားဖို့ ရှိနေပါတယ်။ အလက်ဇန်းဒါးအာနိုးက လီဗာပူး အနေနဲ့ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဆိုရင် ၂၀၁၉-၂၀ ရာသီက စွမ်းဆောင်ရည်မျိုးကို ပြသသွားရန် လိုအပ်တယ်လို့ ဆိုလိုက်ပြီး လီဗာပူးဟာ ပြီးခဲ့တ့ ၁၂ လအတွင်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရန် ရုန်းကန်နေရတယ်လို့ ၀န်ခံသွားပါတယ်။

အလက်ဇန်းဒါးအာနိုးက “ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာ ကျနော်တို့ အဆင့် ၅ နဲ့ အဆုံးသတ်ချင်လားလို့ မေးမြန်းခဲ့မယ် ဆိုရင် ကျနော်တို့ အားလုံး no လို့ပဲ ပြောဖြစ်မှာပါ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့ လာမည့် ရာသီ အဆင့် ၅ နေရာ ရချင်သလား? No ပါ။ ကျနော်တို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးချင်ပါတယ်။ ကျနော်တို့ title race ထဲမှာ ရှိနေချင်ပါတယ်။

လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကစားရတာဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ဘာလုပ်ရမလဲဆိုတာ ကျနော်တို့ သိထားပြီးသားပါ။ စီးတီးကို ဘယ်လိုလုပ်မှ စိန်ခေါ်နိုင်မလဲ ဆိုတာလည်း သိထားပြီးသားပါ။ ကျနော်တို့ တစ်ရာသီလုံး ပြီးပြည့်စုံလုနီးပါး စွမ်းဆောင်ရည်ကို ပြသသွားဖို့ လိုအပ်ပါတယ်။ အခု ကျနော်တို့ ခေါင်းထဲမှာ ရှိနေတာက ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီနဲ့ ပက်သက်ပြီး ထရန့်က “ခြေစွမ်းတည်ငြိမ်မှု အပိုင်းမှာ ကျနော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ကျနော်တို့ အသင်းကြီးတွေနဲ့ တွေ့ဆုံရာမှာ ရလဒ်ကောင်းတွေ ရခဲ့ပေမယ့် ကျနော်တို့ မဆုံးရှုံးသင့်တဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ပါတယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေမှာပါ။ ကျနော်တို့ ဒါတွေကို သေချာပေါက် ပြုပြင်သွားရပါမယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments