Thursday, January 22, 2026
spot_img
spot_img

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဘရူနိုဖာနန်ဒက်စ် ဆက်ရှိနေမည်ဟု တန်ဟက်ဂ် အတည်ပြု

ဝေဖန်မှုများ ရှိနေသော်လည်း မက်ဂွိုင်းရား ပွဲထွက်မကစားသည့်အချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဘရူနိုဖာနန်ဒက်စ်ဆက်ရှိနေမည်ဟု နည်းပြ တန်ဟက်ဂ်က မတ်လ ၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် လီဗာပူးလ်အသင်းအား (ဝ-၇)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ခြောက်ဂိုးမြောက်ပေးလိုက်ရပြီးနောက် ပွဲချိန် ၈၅ မိနစ်၌ ရပ်ရှ်ဖို့ဒ်အစား အယ်လန်ဂါအား လူစားလဲချိန်သည့်အချိန်တွင် သူ့အား လူစားထိုးရန် အသင်းအရန်ခုံတန်းသို့ ကိုယ်အမူအရာဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်၏ယင်းလုပ်ရပ်အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး မန်ယူအသင်းကစားသမားဟောင်းများဖြစ်သည့် ရုပ်သံဝေဖန်သူ ဂယ်ရီနဗီးလ်နှင့် ရွိုင်ကင်းတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ဘရူနိုဖာနန်ဒက်စ်နှင့်ပတ်သက်ပြီး တန်ဟက်ဂ်က “သူဟာ အသင်းအတွက် အားထုတ်ကစားပေးနေပါတယ်။ စိတ်ဆန္ဒပြင်းပြမှုနဲ့ ကစားနေရုံသာမက ဦးတည်ချက် မှန်ကန်သူလည်းဖြစ်ပါတယ်။ သူဟာ ကစားသမားတွေကို သင်ကြားပေးနေပြီး လှုံ့ဆော်ပေးနိုင်သူတစ်ယောက်ပါ။ ဒါပေမဲ့ ဘယ်သူမှ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်း အမှားတွေ ကျူးလွန်တတ်ကြပါတယ်။  ကျွန်တော်တို့ သင်ခန်းစာယူရသလို၊ သူလည်း သင်ခန်းစာယူရမှာပါ။ သူဟာ ဉာဏ်ရည် ဉာဏ်စွမ်းရှိလို့ လုပ်နိုင်ပါလိမ့်မယ်။ အသင်းမှာ ဘရူနိုဖာနန်ဒက်စ်ရှိနေလို့ ကျွန်တော် ကျေနပ်မိပါတယ်။ ဟာရီ(မက်ဂွိုင်းရား)ကွင်းထဲမှာ မရှိတဲ့အချိန်မှာတော့ သူက အသင်းခေါင်းဆောင် ဖြစ်နေပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments