Thursday, January 15, 2026
spot_img
spot_img

မနေ့ညက ပင်နယ်တီလွဲခဲ့တဲ့ အမ်ဘာပေးနဲ့ ဆာလက်တို့ဘက်ကနေ ကာကွယ်ပြောကြားခဲ့တဲ့ အန်းစလော့

လီဗာပူးနည်းပြ အန်းစလော့က မနေ့က ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲခဲ့တဲ့ တိုက်စစ်ကစားသမား မိုဆာလက်နဲ့ ပြိုင်ဘက်ကစားသမား အမ်ဘာပေတို့ဟာ လူသားတွေဖြစ်တာကြောင့် လွဲချော်မှု ရှိနိုင်တယ်လို့သာ ကာကွယ်ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက နှစ်ဂိုးပြတ်အနိုင်နဲ့အတူ လက်စားချေနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ပင်နယ်တီရခဲ့ရာမှာ အမ်ဘာပေရဲ့ကန်သွင်းချက်ကို လီဗာပူးဂိုးသမား ကလယ်ဟာ ကာကွယ်နိုင်ခဲ့သလို လီဗာပူးအတွက် ပင်နယ်တီကို မိုဆာလက် ကန်သွင်းရာမှာလည်း ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။

အမ်ဘာပေဟာ ဒီနှစ်ရာသီ ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရပြီး ၁၇ပွဲကစားရာမှာ ၈ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ မိုဆာလက်ကတော့ လီဗာပူးအတွက် သူရဲကောင်းဖြစ်နေဆဲဖြစ်ပြီး ၁၉ပွဲကစားရာမှာ ၁၂ဂိုးသွင်း ၁၀ဂိုးဖန်တီးထားခဲ့ပါတယ်။

Liverpool boss Anselmo has defended striker Mo Salah and his opponent Mbapp

အန်းစလော့က “ပင်နယ်တီကန်သွင်းမှုနှစ်ခုစလုံးမှာ ကျိန်းသေပေါက်ဝင်မယ်ဆိုရင်း ခင်ဗျားတို့ထင်ထားကြမှာပါ။ နှစ်ဦးစလုံးလွဲချော်ခဲ့တာကတော့ သူတို့က လူသားတွေဖြစ်တဲ့အတွက် အမှားအယွင်းရှိနိုင်တယ်ဆိုတာ ပြသခဲ့တာပါပဲ။ အမ်ဘာပေရဲ့ကန်သွင်းမှုမှာ ကလယ်ဟာ အရမ်းတော်ခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် အခြားဂိုးသမားတစ်ဦးဖြစ်တဲ့ အလီဆင်လိုပဲ လက်စွမ်းကောင်းတွေ ပြသပေးနေပါတယ်။”လို့ ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း အမ်ဘာပေရဲ့ကန်ချက်ကို ကာကွယ်ခဲ့တဲ့ ကလယ်ဟာက “ကျွန်တော် ဒီပင်နယ်တီကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မှုရှိခဲ့ပြီး ဒိုက်ပစ်တဲ့ဘက်ကလည်း မှန်ခဲ့ပါတယ်။ ဒီရလဒ်က ကျွန်တော်တို့အတွက် အတော်လေး ကြီးကျယ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ည စွမ်းဆောင်ရည်ကောင်း ပြသချင်ခဲ့သလို တကယ်တမ်းမှာလည်း အသင်းသားတွေက လုပ်ပြနိုင်ခဲ့ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို လက်စားချေခဲ့ပြီးနောက် တနင်္ဂနွေညမှာ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းနွှဲရဦးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ဂီတာဖေးနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments