Thursday, January 22, 2026
spot_img
spot_img

မည်သည့်နေရာ၌ ကစားရသည်ဖြစ်စေ ပျော်ရွှင်သည်ဟု ဟာဗက်ဇ် ပြောကြား

ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲတွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သည့် ဂျာမန်ကစားသမား ဟာဗက်ဇ်က မိမိအနေ ဖြင့် မည်သည့်နေရာ၌ ကစားရသည်ဖြစ်စေ ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။

ဟာဗက်ဇ်သည် အစောပိုင်းကာလက ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ဂိုးများဆက်တိုက်သွင်းယူကာ ခြေစွမ်းပြလျက်ရှိသည်။

ယင်းအတွက် ကစားရသည့် နေရာအပေါ် ကျေနပ်အားရခြင်းရှိ၊ မရှိမေးမြန်းခဲ့ရာ “ဒီမေးခွန်းကို ကျွန်တော် ဖြေနေရတာ ဘယ်နှကြိမ်ရှိပြီလဲ မသိတော့ပါဘူး။ ကျွန်တော်က ကွင်းထဲမှာရှိနေတာနဲ့တင် ပျော်ရွှင်ပါတယ်။ ကျွန်တော်က နေရာတစ် နေရာတည်းမှာပဲ ကစားတတ်တဲ့သူ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကောင်းမယ်၊ တစ်ခါတစ်ရံ ညံ့မယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်တော်က False (9) ကစားရတာလည်း သဘောကျတယ်။ နံပါတ်(၈)နေရာလည်း သဘောကျတယ်။ နံပါတ်(၁၀)နေရာလည်း သဘောကျတယ်။ ဘယ်နေရာမဆို ကျွန်တော် ကစားနိုင်ပါတယ်။ ဂျာမနီမှာ ဘယ်နောက်ခံလူအဖြစ်လည်း ကျွန်တော်ကစားခဲ့ပါတယ်” ဟု ဟာဗက်ဇ်က ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments