ပြင်သစ် ဘောလုံး မဂ္ဂဇင်းကြီး 2022 ခုနှစ် အတွက် ချီးမြှင့်မယ့် ဘလွန်းဒီအော်ဆု အတွက် ဆန်ကာတင် ကစားသမား စာရင်း 30 ကို တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။
ထူးခြားက ဒီဆုကို အကြိမ်အရေအတွက် အများဆုံး ဆွတ်ခူူးထားတဲ့ လီယို မက်ဆီဟာ ဒီတစ်ကြိမ်မှာတော့ ဆန်ကာတင် စာရင်းမှာတောင် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
2019 ခုနှစ်က ဆန်ကာတင် စာရင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် (2020 က ဆုမပေး) 2021 ၊ 2022 ခုနှစ်တွေ အထိ ဆက်တိုက် ပါဝင် နိုင်ခဲ့တဲ့ ကစားသမားဆိုလို့ 8 ယောက်သာ ရှိပါတယ်။ အဲဒီလူတွေ ကတော့ ဘန်ဇီးမား ၊ ဒီဘရိုင်း ၊ မာရက်ဇ် ၊ လီဝန်ဒေါ့စကီး ၊ ဘာပေ ၊ ဆာလာ ၊ မာနေး နဲ့ ရိုနာဒို တို့ဖြစ်ပါတယ်။
ဒီနှစ် ထုတ်ပြန်လိုက်တဲ့ ဆန်ကာဆင် စာရင်း အယောက် 30 မှာ ၊ 2004 ခုနှစ် နောက်ပိုင်း အာဂျင်တီးနား ၊ စပိန် နဲ့ အီတလီ ကိုယ်စားပြု ကစားသမား တစ်ဦး တစ်ယောက်မျှ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။
ပေါ်တူဂီ ကတော့ 2004 ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဆန်ကာတင် စာရင်းမှာ 4 ယောက် အထိ ပါဝင်လာခဲ့ပါတယ်။ 2004 ခုနှစ်က ဆန်ကာတင် စာရင်းမှာ ဒေကို ၊ ကာဗယ်ဟို ၊ ရိုနာဒို ၊ ဖီဂို ၊ မန်နစ်ချ် တို့ ပါဝင်ခဲ့ဖူးပြီး ၊ 2022 ခုနှစ် မှာတော့ ကန်ဆယ်လို ၊ လီယာအို ၊ ရိုနာဒို ၊ ဘာနာဒို ဆေးဗား တို့ ပါဝင်ခဲ့ပါတယ်။
ဆန်ကာတင် စာရင်း အယောက် 30 ကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူး ၊ ရီးရဲ မက်ဒရစ် ၊ မန်စီးတီး ကို 6 ယောက်စီ ပါဝင်ခဲ့ပြီး ၊ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့သွားတဲ့ မာနေး ကိုပါ ထည့်တွက်မယ် ဆိုရင် လီဗာပူးဟာ ဆန်ကာတင် စာရင်းမှာ အရေအတွက် အများဆုံး ပါဝင်နိုင်ခဲ့တဲ့ ကလပ်ဖြစ်ပါတယ်။
ဒီနှစ် အတွက် ဘလွန်းဒီအော်ဆု ကို ရီးရဲ မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမားက ဆွတ်ခူးဖို့ ရေပန်း အစားဆုံးဖြစ်ပြီး ၊ ဒုတိယ နေရာ နဲ့ တတိယ နေရာတွေကို ဘယ်ကစားသမားတွေက အနီးကပ်ဆုံး စိန်ခေါ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကလပ်အသင်းတွေ အလိုက် ကစားသမား ပါဝင်နှုန်းများ –
လီဗာပူး – အာနိုး ၊ ဒီယက်ဇ် ၊ ဖာဘင်ဟို ၊ နူညက် ၊ ဆာလာ ၊ ဗန်ဒိုက်
ရီးရဲ – ဘန်ဇီးမား ၊ ကက်စမဲရိုး ၊ ကော့တွိုက်စ် ၊ မိုဒရစ်ချ် ၊ ရူဒီဂါ ၊ ဗီနီစီးယပ် ၊
မန်စီးတီး – ကန်ဆယ်လို ၊ ဒီဘရိုင်း ၊ ဖိုဒန် ၊ ဟာလန်း ၊ မာရက်ဇ် ၊ ဘာနာဒို ဆေးဗား
ဘိုင်ယန် – ကင်မစ်ချ် ၊ မာနေး ၊
စပါး – ကိန်း ၊ ဆွန်
အေစီ – လီယာအို ၊ မိုင်ဂီနန် ၊
ဘာကာ – လီဝန်ဒေါ့စကီး
မန်ယူ – ရိုနာဒို
ပီအက်စ်ဂျီ – ဘာပေ
လိုက်ပ်ဇစ် – အန်ခွန်ကူ
ဒေါ့မွန် – ဟာလန်း
ဂျူဗီ – ဗလာဟိုဗစ်ခ်ျ






