Monday, February 9, 2026
spot_img
spot_img

မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြန်လာမည်ဆိုပါက PSG အသင်းတွင် ရရှိခဲ့သည့် လစာထက် လျှော့ယူရမည်ဟု လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် သတိပေ

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က PSG တိုက်စစ်မှူး မက်ဆီအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လာမည်ဆိုပါက PSG အသင်းတွင် ရရှိသည့်လစာထက် လျှော့ယူရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

အသက် ၃၅ နှစ်အရွယ်ရှိ နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်းသည် ကနဦးက မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ကစားသ မားဘက်က တုံ့ပြန်မှုကို ကျေနပ်ခြင်းမရှိသည့်အတွက် ထပ်မံကြိုးစားခြင်းမရှိတော့ကြောင်း သိရသည်။ မက်ဆီကိုယ်တိုင်ကလည်း PSG အသင်း၏ စီမံကိန်းများကို နှစ်သက်ခြင်းမရှိသလို ချန်ပီယံလိဂ်ဖလားရမည်ဟု ယုံကြည်ခြင်းမရှိသဖြင့် လာမည့်နွေတွင် လမ်းခွဲရန် ဆုံးဖြတ်ထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။ 

ယခုရာသီကုန်တွင် PSG အသင်းနှင့် လမ်းခွဲမည့် မက်ဆီအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လာရန် ရေပန်းအစားဆုံးဖြစ်နေပြီး အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတို့ကလည်း ခေါ်ယူ လိုနေကြောင်း သိရှိရသည်။ ယခုအခါ လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြန်လာမည်ဆိုပါက PSG အသင်းတွင် ရရှိသည့်လစာထက် လျှော့ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တီဘက်စ်က “တကယ်လို့ မက်ဆီသာ ဘာစီလိုနာအသင်းကို ပြန်လာမယ်ဆိုရင် သူ့အနေနဲ့ PSG အသင်းမှာရရှိခဲ့တဲ့ လစာထက် များစွာလျှော့ယူရမှာပါ။ ပြီးတော့ ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို ပြန်လည်ခေါ်ယူဖို့ဆိုရင် အသင်းမှာရှိတဲ့ ကစားသ မားတွေကို ရောင်းချဖို့လိုပါတယ်။ လက်ရှိ အနေအထားအရ ဘာစီလိုနာအသင်းမှာ စျေးကောင်းရနိုင်တဲ့ ကစားသမားတွေ များစွာရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် အသင်းရှိကစားသမားများကို ရောင်းချရာမှ ပေါင် ၁၇၈ သန်းအထိ ရရှိမှသာ ကစားသမားသစ်များ ပြန်လည်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ဘာစီလို နာအသင်းသည် လာမည့်နွေတွင် အသင်းတောင်ပံကစားသမား ရာဖင်ညာ၊ လူငယ်တိုက်စစ်မှူး အန်ဆူဖာတီအပါအဝင် စျေးရနိုင်သည့် ကစားသမားအချို့ကို ရောင်းထုတ်ရန်ပြင်ဆင်နေကြောင်း သိရှိရသည်။ လက်ရှိတွင် ရာဖင်ညာအား ခေါ်ယူရန် နယူးကာ ဆယ်အသင်းက စိတ်ဝင်စားနေပြီး အန်ဆူဖာတီကိုလည်း ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းက ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သတင်းထွက်ပေါ်နေသည်။ 

ဘာစီလိုနာအသင်းမှာမူ လာလီဂါလစာစည်းမျဉ်းကြောင့် လူငယ်ကွင်းလယ်ကစားသမား ဂါဗီကိုပင် အသင်းကြီးကစားသမားအဖြစ် စာရင်းသွင်းရန် အခက်အခဲရှိနေကြောင်း သိရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီအား ပြန်လည်ခေါ်ယူမည်ဆိုပါ အသင်းကစားသမားများကို ဦးစွာရောင်းထုတ်ရမည်ဖြစ်ပြီး မက်ဆီအနေဖြင့် PSG အသင်းတွင် ရရှိသည့် လစာထက် များစွာလျှော့ယူမှသာ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိနေသည်။ မက်ဆီသည် လက်ရှိတွင် PSG အသင်း၌ တစ်နှစ်လစာ ယူရို ၆၈ သန်းအထိ ရရှိနေကြောင်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments