Monday, February 9, 2026
spot_img
spot_img

မက်ဆီအတွက် လက်ရွေးစင်အသင်းတံခါးကို အမြဲဖွင့်ပေးထားပြီး ၂၀၂၆ ကမ္ဘာ့ဖလား၌ ပါဝင်လိမ့်မည်ဟု စကာလိုနီ မျှော်လင့်နေ

အာဂျင်တီးနားလက်ရွေးစင်အသင်း၏ နည်းပြ စကာလိုနီသည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တိုက်စစ်မှူး မက်ဆီ ပါဝင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း သိရသည်။

မက်ဆီသည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီဖြစ်သည်။

ယင်းအတွက် မက်ဆီအနေဖြင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဟု မက်ဆီက ပြောကြားခဲ့သည်။

ယခုအခါ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အာဂျင်တီးနားအသင်းအတွက် မက်ဆီ ပါဝင်ကစားလိမ့်မည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဆုဖလား အောင်ပွဲများ ရယူပေးနိုင်ခြင်းမရှိသောကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ကမ္ဘာ့ ဖလားအထိ ၎င်းအပေါ် ပြစ်တင်မှုများရှိခဲ့သည်။

ယခုအခါ ၎င်းအပေါ် ချီးကျူး ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည့်အနက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခြင်းမပြုရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

ယင်းအခြေအနေတွင် စကာလိုနီက “လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ကစားမယ်လို့ ထင်ပါတယ်။ ဒီအတွက် အခြေအနေတွေ အများကြီးတော့ လိုအပ်ပါတယ်။ သူ့အတွက် လက်ရွေးစင်အသင်းရဲ့ တံခါးကတော့ အမြဲတမ်းဖွင့်လှစ်ပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments