Monday, February 9, 2026
spot_img
spot_img

မက်ဆီသည် သာမန်လူသားတစ်ဦးသာဖြစ်သည်ဟု နယ်သာလန်ဂိုးသမား ဆို

နယ်သာလန်လက်ရွေးစင်အသင်း၏ ဂိုးသမား အန်ဒရီးစ်နော့ပတ်က အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် သာမန်လူသားတစ်ဦးသာဖြစ်ပြီး ပယ်နယ်တီ အပြိုင်ကန်သွင်းခဲ့ရပါက အနိုင်ယူသွားမည်ဟု ပြောကြားခဲ့သည်။

နော့ပတ်(၂၈ နှစ်)သည် ယခုပြိုင်ပွဲမတိုုင်မီက နယ်သာလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲမျှ ကစားခွင့်ရခဲ့ဖူးသူမဟုတ်ဘဲ ပြီးခဲ့သည့်စက်တင်ဘာလကမှ လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

သို့သော် ဗန်ဟားလ်၏ နယ်သာလန်အသင်းတွင် ၎င်းထက်အရင် ရွေးချယ်ခံရသည့် ဂိုးသမားနှစ်ဦးမှာလည်း ပွဲအတွေ့အကြုံ အနည်းငယ်သာရှိကြသူများဖြစ်သည်။

ထို့ကြောင့် ဗန်ဟားလ်က နော့ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်နေရာပေးပွဲထုတ်ခဲ့ ပြီး (၄)ပွဲယှဉ်ပြိုင်ကစားရာ၌ (၂)ဂိုးသာ ပေးခဲ့ရပြီး Clean Sheet (၂)ပွဲ ရရှိခဲ့သည်။

ထို့ကြောင့် နော့ပတ်က မက်ဆီကို ရင်ဆိုင်ရန် ယုံကြည်မှုအပြည့် ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တခြားလူတွေလို သူလည်း သာမန်လူသားတစ်ယောက်ပါပဲ။ သူလည်း ပယ်နယ်တီ လွဲချော်နိုင်တယ်ဆိုတာ ပြိုင်ပွဲစတင်ချိန်ကတည်းက မြင်တွေ့ခဲ့ရပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမဲ့ သူ့ပယ်နယ်တီကို ကျွန်တော် ကာကွယ်နိုင်ပါတယ်”ဟု နော့ပတ်က ပြောကြားခဲ့သည်။

နယ်သာလန်နှင့် အာဂျင်တီးနားအသင်းသည် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် သောကြာနေ့(ယနေ့) ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments