Thursday, January 15, 2026
spot_img
spot_img

မက်ဆီရဲ့အနာဂတ်က မိမိနဲ့သက်ဆိုင်ခြင်းမရှိကြောင်း စကာလိုနီ ပြောကြား

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက မက်ဆီရဲ့အနာဂတ်က မိမိနဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ လက်ရှိအင်တာမိုင်ယာမီအသင်းအတွက် ကစားပေးဖို့ ပြင်ဆင်နေပြီး အဲ့နောက်ပိုင်းအခြေအနေကို မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းဘက်ကတော့ မက်ဆီအနေနဲ့ စာချုပ်ထဲမှာပါဝင်တဲ့ ၁၂ လသက်တမ်းတိုးခွင့်ကို သဘောတူညီမယ်လို့ ယုံကြည်နေပါတယ်။

အာဂျင်တီးနားအသင်းကတော့ မက်ဆီတစ်ယောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ “အခုချိန်မှာက အဲ့အကြောင်းတွေးရမယ့်အချိန်မဟုတ်ပါဘူး။ အမှန်တရားက မက်ဆီရဲ့အနာဂတ်ဟာ ကျွန်တော်နဲ့မသက်ဆိုင်ပါဘူး။ သူ့ကစားသမားဘဝအကောင်းဆုံးအချိန်ကို သူသိပါလိမ့်မယ်။သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်မှာကို ကျွန်တော်ခွင့်ပြုရပါမယ်”လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။

စကာလိုနီက သူ့အနာဂတ်နဲ့ပတ်သက်ပြီး “အာဂျင်တီးနားအသင်းကနေ ကျွန်တော်ထွက်ခွာတဲ့အချိန်ဟာ ကျွန်တော့်ဘဝရဲ့ ဝမ်းအနည်းဆုံးအချိန်ဖြစ်လာမှာပါ။ အခုတော့ ကျွန်တော်အဆင်ပြေနေပါတယ်။ အိပ်မက်မက်ခဲ့တဲ့နေရာမှာ ရှိနေတာကြောင့်ပါ။ အခုချိန်အကြောင်းပဲတွေးထားပြီး အနာဂတ်အကြောင်း မတွေးဖြစ်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

စကာလိုနီဟာ မက်ဆီအခြေအနေကို စောင့်ကြည့်နေပြီး လာမယ့်ဇွန်လမှာ မက်ဆီတစ်ယောက် အသက် ၃၈ နှစ်ပြည့်မှာဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၉၁ ပွဲပါဝင်ကစားထားကာ ၁၁၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments