သူ့ရဲ့ကာလရှည်ကြာ ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ အင်တာမီယာအသင်းက မွန်ထရီရယ်လ်အသင်းအား ၃-၂ ဂိုးဖြင့် ရှုးနိမ့်ခဲ့ရပြီးနောက် တစ်ရက်အကြာ တနင်္လာနေ့ (မတ် ၁၁ ရက်) မှာ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ အယ်လ်နာဆာက AFC ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါပြီ။
ပထမအကျော့ပွဲစဉ်မှာ အယ်လ်အိန်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုးနိမ့်ခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ် ကွာတားဖိုင်နယ်တွင် ၄-၃ နိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ် (ပွဲစဥ်နှစ်ခုပေါင်း ၄-၄ ဂိုး) ။ ဒါပေမဲ့လည်း ပင်နယ်တီအဆုံးအဖြတ်မှာ ရော်နယ်ဒိုတစ်ဦးတည်း ဂိုးဝင်တာကြောင့် ၃-၁ ဂိုးဖြင့် ရှုးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ အယ်နာဆာအတွက် စိတ်ပျက်စရာကောင်းတဲ့ညကို Twitter က ပရိသတ်တွေ တုံပြန်ကြပုံအချိုကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။”မက်ဆီမရှိတဲ့ အင်တာမီယာမီက ရော်နယ်ဒိုရှိတဲ့ အယ်လ်နာဆာနဲ့တူတယ် ”
– ဟု တွစ်တာတွင် ရေးသားခဲ့ပါတယ်။ မက်ဆီမပါဘဲ အင်တာမီယာမီအသင်း၏ ရုန်းကန်ရမှုများနှင့် မက်ဆီတိုနှင့် ရည်ညွှန်းကာ ပရိသတ်တစ်ဦးက ရော်နယ်ဒိုကို ဒေါသထွက်ခဲ့တာပါ။
‘ရော်နယ်ဒိုရဲ့ အသင်းဖော်တွေက သူ့ကို စိတ်ပျက်စေလိုက်တာပဲ၊ ရှက်စရာကောင်းတယ်’
‘ခရစ္စတီယာနို ရော်နယ်ဒို ဟာ သူ့ရဲ့အသင်းကြောင့် စိတ်ထပ်ပျက်ခဲ့ရပြန်ပြီပေါ့ 💔’
‘ခရစ္စတီယာနိုဟာ ရှေ့ဆက်ဖိုနဲ့ပတ်သက်လို စဉ်းစားကောင်းစဥ်းစားရပါလိမ့်မယ်…’
‘ရော်နယ်ဒို အမြန်ဆုံး အနားယူသင့်ပါတယ်’






