Friday, March 13, 2026
spot_img
spot_img

မက်ဆီနဲ့တွဲကစားရတဲ့အတွေ့အကြုံအကြောင်း ရှင်းပြလိုက်တဲ့ မာတီနက်ဇ်

အာဂျင်တီးနားအသင်းဂိုးသမား မာတီနက်ဇ်က နိုင်ငံအသင်းမှာ အသင်းဖော် မက်ဆီနဲ့ တွဲကစားရတဲ့အတွေ့အကြုံအကြောင်းကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဗီလာဂိုးသမားဟာ ၂၀၂၁ ကတည်းက မက်ဆီနဲ့အတူတူတွဲဖက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ကိုပါဖလား ၂ လုံး နဲ့ ကမ္ဘာ့ဖလား ၁ လုံးရယူနိုင်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ မာတီနက်ဇ်က မက်ဆီ နဲ့ တွဲကစားရတဲ့အပေါ် “မျှမျှတတပြောရမယ်ဆိုရင် အခြားကစားသမားတွေအတွက် ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အတူတူပါပဲ။ လူတိုင်းကို ကျွန်တော် စနောက်လေ့ရှိပါတယ်။ သူ့မှာလည်း အဲ့လိုမျိုးပျော်တတ်တဲ့စိတ်ရှိပါတယ်။ သူ့ကို ခင်ဗျားမြင်တယ်ဆိုရင် သူလလုပ်သလို လုပ်ချင်ပါလိမ့်မယ်။ သူ့ဆီကနေ နမူနာယူတာပါ။ သူ gym သွားတယ်ဆိုရင် ခင်ဗျားလည်း သွားချင်ပါလိမ့်မယ်။

သူ့မှာ အခြားဘယ်သူနဲ့မှမတူတဲ့ ရောင်ဝါတစ်ခုရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အားလုံးက အတူတူပါပဲ။ ကျွန်တော်တို့အားလုံးစနောက်သလို အတူတူစားကြပါတယ်။ သူက လူသားတစ်ဦးအနေနဲ့ ချစ်ဖို့ကောင်းပါတယ်။

Argentina goalkeeper Martinez has opened up about his experience playing alongside teammate Messi for the national team. 


သူ့မှာက အရမ်းကောင်းတဲ့အရည်အချင်းတစ်ခုရှိနေပါတယ်။ ခင်ဗျားအနေနဲ့ ဘယ်သူနဲ့မှမတူတဲ့ စူပါအရည်အချင်းတစ်ခုနဲ့မွေးဖွားတယ်ဆိုရင် အဲ့တာက သူပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ နိုင်ငံအသင်းအတွက်ကော ကလပ်အသင်းအတွက်ပါ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဗီလာအသင်းကို ချန်ပီယံလိဂ်ဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီတုန်းက အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားချန်ပီယံကာကွယ်ခဲ့ရာမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားဟာ အဆိုပါပြိုင်ပွဲတစ်လျှောက်လုံးမှာ ပေးဂိုး ၁ ဂိုးသာပေးခဲ့ရသလို ယာရှင်ဆု နဲ့ ဖီဖာအကောင်းဆုံးဂိုးသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗီလာအသင်းဟာ လာမယ့်ဘောက်ဆင်ဒေးမှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments