Wednesday, January 14, 2026
spot_img
spot_img

မက်ဂွိုင်းရားအတွက် ဝက်စ်ဟမ်းအသင်း၏ ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းမှုကို မန်ယူ ပယ်ချ

မန်ယူအသင်းသည် နောက်ခံလူ မက်ဂွိုင်းရားအတွက် ဝက်စ်ဟမ်းအသင်း၏ ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည် အငှားဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှု ပယ်ချခံရသည့်အတွက် အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် မက်ဂွိုင်းရား(၃၀ နှစ်)ကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ရောင်းထုတ်ရန် ဆန္ဒရှိနေသော်လည်း ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၄၀)ဝန်းကျင်ရရှိရန် လိုလားနေသည်။

မက်ဂွိုင်းရားကလည်း ဝက်စ်ဟမ်းထက် ပိုအဆင့်မြင့်သည့် အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည်ဟု သိရသည်။

သို့သော် ဝက်စ်ဟမ်းက ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments