မန်ယူတွင် အရန်ကစားသမားအဖြစ်ပါဝင်နေရခြင်းကို မက်ဂွိုင်းယားသည် မကျေမနပ်ဖြစ်နေကြောင်း မက်ဂွိုင်းယားအနေဖြင့် လက်ရှိအခြေအနေကို သုံးသပ်ပြီးဆုံးဖြတ်ချက်တစ်ခု ချရမည်ဖြစ်ကြောင်း မန်ယူအသင်းမန်နေဂျာတန်းဟက်က ပြောဆိုလိုက်သည်။
မက်ဂွိုင်းယားသည် အသင်းခေါင်းဆောင်အဖြစ်ဆက်ရှိနေသေးသော်လည်း ၂၀၂၂-၂၃ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ၈ ပွဲသာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့သည်။ ၂၀၁၉ တွင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ရောက်ရှိလာသော မက်ဂွိုင်းယားကို သင့်လျော်သည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာပါက မန်ယူက လက်ခံစဉ်းစားသွားမည်ဖြစ်သည်။

“မက်ဂွိုင်းယားအသင်းမှာ ရှိနေတာကို ကျွန်တော်ကျေနပ်ပါတယ်။ သူ့ကို အသုံးချလို့ရတဲ့ နေရာတွေရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့တော့ ဆုံးဖြတ်ချက်တစ်ခုချရမှာပါ။ ဘယ်သူမှတော့ အရန်ကစားသမားဖြစ်နေတာကို ကျေနပ်နေမှာ မဟုတ်ပါဘူး။ သူက လေ့ကျင့်ရေးမှာလည်း ရာနှုန်းပြည့်ကြိုးစားပါတယ်။ သူက အရန်ဖြစ်နေတာကို ကျေနပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခံစစ်အတွင်းလူနေရာအတွက် မန်ယူမှာ ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။






